အခန်း ၁၀

342 19 5
                                    

အိပ်နေသည်ကို ဘယ်သူ့မှ မမြင်အောင် လမင်းက စာအုပ်ကလေးအား ပြန်ထောင်ပေးထားလေသည်။စာကြည့်တိုက်မှာ လာအိပ်နေသည်ပေါ့ မွေးနေ့လည်းမလာ ဖုန်းတက်လည်းမကိုင်သည့်သူ့ကိုစိတ်ကောက်နေမည်လား စရောက်လာကတည်းကဘဘာတစ်ခွန်းမှမပြောဘဲ ဘေးနားမှာဝင်အိပ်နေသည်။ခင်ဗျားဘာကြောင့်များ ကျွန်တော့်အနားမှာရှိနေရတာလဲ ကျွန်တော်မစဥ်းစားချင်ဘူး ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တွေကြောင့် ခင်ဗျားကို မနာကျင်စေချင်ရုံကလွဲပြီး အခြားမရှိဘူး ဟိန်းဇက်

ကောင်းကင်ထက်ယံ ကစိမ့်ဝတီကို
စာရှင်းပြနေတုန်းမှာပဲ ဟိန်းဇက် နိုးလာသည်။ တစ်ဖက်ကိုကြည့်ပြီး စူပုတ်ပုတ်မျက်နှာထားနဲ့ မတ်တပ် ထရပ်ရင်း

"Toilet ခဏသွားအုံးမယ် "

"အင်း ဖုန်းယူသွား မီးပျက်သွားမှာစိုးလို့ "

"မင်း.....! ပေါက်ကရမပြောနဲ့"

စာအုပ်ကိုဆွဲမပြီး ရိုက်ဖို့ရွယ်လိုက်သည်။ ခွေးသားလေး ဒါကိုပဲ လာခြောက်နေတာ ။အမှောင်ထဲမှာကြောက်တတ်တာ သူရယ် ဝင်းကိုရယ်ပဲသိတာ တကယ်လို့မီးပျက်သွားရင် သူတို့နှစ်ယောက်ကအမြဲ သူ့ဆီရောက်ရောက်လာပေးနေကြ။ ဟိန်းဇက်က အမှောင်ခန်းထဲပိတ်မိခံရမှာ သိပ်ကြောက်သည်။ဟိုးငယ်ငယ်က သူတို့သူငယ်ချင်းသုံးယောက် ထိုသို့ပဲ ပိတ်မိဖူးတယ်။အဲ့အချိန်တုန်းက ဟိန်းဇက် တကယ်ကို လန့်ဖျား ဖျားသွား တာ။တစ်လလောက်ထိ ကုယူလိုက်ရတာ အဲ့အချိန်ကတည်းက ဟိန်းဇက်ကို သူတို့သူငယ်ချင်းတွေ အရိပ်တကြည့်ကြည့်ဖြင့်။သူသြဇီရောက်သွားတုန်းက ဝင်းကိုက သူ့ကိုစောက်ရှောက်တယ် အခုဝင်းကို မရှိတော့ ကောင်းကင်ကစောင့်ရှောက်ပေးတယ်လေ။ သူတို့သုံးယောက်တော့ တကယ်ချစ်ကြတာ။

ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ပြီး Toilet ဘက်ကို ပြေးလာခဲ့သည်။ကျောင်းက မီး ပျက်လေ့ပျက်ထမရှိပါဘူး ဒါကကြောက်စရာမှ မလိုဘဲလေ

ဟိန်းဇက် ကိစ္စပြီးတဲ့ အချိန် ဘေစင်မှာ လက်ဆေးနေရင်း မှန်ကြည့်ကာ ရှိုးထုတ်နေသည်။ဒီနေ့ကျမှ လူတစ်ယောက်မှ မရှိဘူးလေ စာကြည့်တိုက်က သန့်စင်ခန်းက လူရှင်းသား။ လက်ဆေးပြီး လက်အခြောက်ခံစက်ထဲထည့်ထားပြီး လမင်းအကြောင်းတွေးလိုက်မိသည်။ ဒါပေမဲ့ ဒီနေ့တော့ မတွေးချင်သေးဘူး ခွေးသားလေးကိုစိတ်ဆိုးနေတာ
ဟွန့်.......!

မောင်၏ထံပါး၌အချစ်တို့ဖြစ်တည်လေ၏Onde histórias criam vida. Descubra agora