Uni
ဟန်ဆောင်ဇနီး
(သို့မဟုတ်)
တစ်နှစ်စာလက်ထပ်စာချုပ် (Bl)
Ep 1
"သားပြန်လာပြီလား။ လာပါဦးကွယ် daddy သားကိုအရေးတကြီးပြောစရာရှိတယ်။"
ကားသော့ကိုလက်ညိုးဖြင့်ဝေ့ရမ်းကာ လေချွန်လျှက် အပေါ်ထပ်သို့တက်ရန်ပြင်နေသော သူ၏ခြေလှမ်းတွေသည် ဖခင်၏စကားကြောင့် ဧည့်ခန်းဘက်သို့ဦးတည်လိုက်သည်။ ထို့နောက် မိခင်ဖြစ်သူထိုင်နေသော Sofaပေါ်တွင်လျော့တိလျော့ရဲဝင်ထိုင်လိုက်သည်။
"Daddyသားကိုဘာပြောမှာလဲ"
"သားကို daddyတို့ အိမ်ထောင်ချပေးမလို့"
ဖခင်ရဲ့အပြောကြောင့် လျော့တိလျော့ရဲထိုင်နေရာမှ သူ ကျောကလေးမတ်သွား၏။
"ဗျာ!! သားလက်မခံနိုင်ဘူးdaddy။ Mom... ကိုယ့်ယောက်ျားကိုယ်ပြောဦး"
အမေဖြစ်သူကိုပါစစ်ကူတောင်းနေသည့်သားတော်မောင်ကြောင့် ဦးဘောဂသက်ပြင်းချမိ၏။
"ဟို သားမှာချစ်ရမယ့်သူရှိရင်လည်း မာမီတို့နဲ့တွေ့ပေးလေ။ သားမှာချစ်သူမရှိရင်တော့ သားအဖေစီစဉ်ပေးတာကိုသားလက်ခံရမယ်။"
မေမေကပါ သူ(မ)၏ယောက်ျားဘက်က ကူပြောပေးနေတာမလို့ သူစိတ်ညစ်သွားရ၏။
"စိတ်ရှုပ်တယ်ဗျာ!! သား သွားနားတော့မယ်"
ဘောက်ဆတ်ဆတ်ပြောရင်းသာ ထိုနေရာမှထွက်လာပြီးအပေါ်ထပ်သို့ပြေးတက်ခဲ့သည်။ ဒေါ်နီလာနဲ့ဦးဘောဂကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သက်ပြင်းသာချမ၏။
All black suit အပြည့်ဝတ်ကာ မျက်နှာတွင် black mark ကိုတပ်ထားပြီး black hatကို အရှေ့သို့ငိုက်စိုက်ချ၍ဆောင်းထားသည့်လူတစ်ဦးသည် ပြောင်လက်နေသည့်shoes အနက်ကိုစီးထားသော ခြေလှမ်းများဖြင့် J square barဟူသည့် Barအတွင်းသို့ ဝင်ရောက်လာ၏။ Barဆိုသည့်အတိုင်း ရောင်စုံစလိုက်မီးမှိန်ပျပျအောက်တွင် Djသံခပ်မြူးမြူးနှင့် ကခုန်နေကြသော လူကုန်ထံအသိုင်းအဝိုင်းမှ ဆင်းသက်လာသော ပိုက်ဆံရှိသားသမီးလူဘော်ကြော့လေးတွေကိုတွေ့ရလိမ့်မည်။ ထို့နောက် ထိုလူ၏ခြေလှမ်းများသည် ချောင်ကျသောဝိုင်းတွင်ထိုင်နေသော ယောက်ျားလေးယောက်အနားသို့ လျှောက်သွားလေ၏။
YOU ARE READING
ဟန်ဆောင်ဇနီး(သို့မဟုတ်)တစ်နှစ်စာလက်ထပ်စာချုပ်Z+U
Romanceဧကရာဇ်ပိုင်မှူး ကျူရိုးကိုးဆစ် Normal ficမဟုတ်ပါ။ BL fic Both Z+U