Uni
ဟန်ဆောင်ဇနီး
(သို့မဟုတ်)
တစ်နှစ်စာလက်ထပ်စာချုပ် (Bl)
Ep 4
ရေညှိရောင်သုတ်ထားတဲ့ ခြံတံခါးရှေ့သို့ရာက်သောအခါတွင် BMWအနက်ရောင်ကားလေးသည်ရပ်တန့်သွားလေ၏။ ထို့နောက်ခြံစောင့်ဦးလေးကြီးက တံခါးလာဖွင့်ပေးတာကြောင့် ဧကရာဇ်လည်း ကားကိုခြံထဲသို့မောင်း၍ဝင်လာခဲ့၏။ ကားဂိုထောင်ထဲမှာကားကိုသွင်းခဲ့ပြီး ကားပေါ်မှအရင်ဆင်းကာ ကျန်တစ်ဖက်မှကားတံခါးကိုဖွင့်ပေးလိုက်၏။
"ဖြစ်... ဖြစ်ပါ့မလားဟင်။"
ကျူရိုးသည် ကြောက်တာမဟုတ်သော်လည်းစိုးရိမ်စိတ်တော့ဝင်မိပါသည်။ သူ့အား မချင့်မရဲလေးမေးခွန်းထုတ်နေတဲ့မဟေသီအသစ်စက်စက်လေးကို ဧကရာဇ်ပြုံးပြရင်း လက်ကမ်းပေးလိုက်တယ်။ ကျူရိုးလည်း ဧကရာဇ်၏လက်ဖဝါးကျယ်ကြီးထဲ သူ့ရဲ့လက်ဖဝါးသေးသေးလေးအပ်နှင်းလို့ အားကိုးတကြီးဆုပ်ကိုင်ရင်း ကားပေါ်မှဆင်းလိုက်သည်။
"စိတ်ပူမနေနဲ့ပါနဲ့။ ခင်ဗျားဘေးမှာကျုပ်ရှိနေတာပဲ။"
လူတစ်ဖက်သားကို မည်သို့မည်ပုံအားပေးစကားနဲ့နှစ်သိမ့်ရမည်ဆိုတာ ဧကရာဇ်မသိဘူး။ သို့ပေမယ့် ကောင်လေးရဲ့ တိုတိုတုတ်တုတ်အားပေးစကားက ကျူရိုးအတွက်အားအင်ဖြစ်ဖို့ရာ လုံလောက်လေရဲ့။ ဧကရာဇ်လည်း ကားအနောက်ခန်းထဲက ဟိုလူကြီးရဲ့ Luggage အိတ်ကိုထုတ်ပြီး နှစ်ယောက်အတူဘေးချင်းယှဉ်လျှောက်လျှက်အိမ်ထဲဝင်လာခဲ့သည်။ မိန်းကလေးအဝတ်အစားကို ဝတ်နေမကျတဲ့ကျူရိုးအတွက် အနည်းငယ်စိတ်ကျဉ်းကြပ်စေပေမယ့် ထဘီက ချိတ်နှင့်ဝတ်ရသည့်ထဘီမလို့ ကျွတ်ကျသွားမှာကိုတော့စိတ်ပူစရာမလိုဘူး။
"ခင်ခင်... ဒီအိတ်ကို ငါ့အခန်းထဲမှာသွားထည့်ထားလိုက်။"
ဧကရာဇ်သည် ကြမ်းတိုက်နေတဲ့အိမ်အကူကောင်မလေးတစ်ယောက်ကိုခေါ်ရင်း ကျူရိုး၏ Luggage ကိုသူ့အခန်းထဲမှာထားခိုင်းလိုက်၏။ လူကြီးက သူ့ရဲ့တရားဝင်ဟန်ဆောင်ဇနီးဖြစ်သွားပြီမလို့ အခန်းခွဲနေရင်မိဘတွေရိပ်မိနိုင်သည့်အတွက် သူ့အခန်းမှာဒီလူကြီးကိုနေခိုင်းရန်ဆုံးဖြတ်လိုက်သည်။ ခန်းနားထည်ဝါကာ တဖိတ်ဖိတ်တောက်ပြောင်လွန်းနေသည့် အိမ်ကြီးရဲ့အပြင်အဆင်ကြောင့် ကျူရိုးသည် ပါးစပ်လေးဟလျှက်တအံ့တဩဖြင့် လှည့်ပတ်ကြည့်နေမိသည်။
YOU ARE READING
ဟန်ဆောင်ဇနီး(သို့မဟုတ်)တစ်နှစ်စာလက်ထပ်စာချုပ်Z+U
Romanceဧကရာဇ်ပိုင်မှူး ကျူရိုးကိုးဆစ် Normal ficမဟုတ်ပါ။ BL fic Both Z+U