🎻8🎻z+u

18.2K 982 50
                                    

Uni

ဟန်ဆောင်ဇနီး

(သို့မဟုတ်)

တစ်နှစ်စာလက်ထပ်စာချုပ် (Bl)

Ep 8

ရုပ်ရှင်ကြည့်နေသော်လည်း ဧကရာဇ်မှာ ဇာတ်လမ်းထဲသို့စိတ်မရောက်နိုင်ပဲ ရုံအရှေ့တွင်အသေးလေးနှင့်ဝင်တိုက်မိတဲ့ကောင်အကြောင်းကိုတွေးနေမိကာ ဒေါသကထွက်နေဆဲ။ မျက်ခုံးနှစ်ခုထိကပ်လုမတက်ဒေါသဖြစ်နေသူကြောင့် ကျူရိုးမှာဇာတ်ကားမကြည့်နိုင်သေးပဲ ကောင်ဆိုးလေးရဲ့အရိပ်အခြေကိုသာအကဲခတ်နေမိသည်။

"ပိုင် ကိုယ့်ကိုစိတ်ဆိုးနေတာလား"

ဟိုအကောင့်ကိုဒေါသထွက်နေတာကြောင့် ဘေးမှာထိုင်နေတဲ့အသေးလေးကိုပင် ယာယီမေ့သွားရသည်။ အမှောင်ချထားတဲ့ရုပ်ရှင်ရုံထဲတွင် အသေးးလေး၏မျက်ဝန်းစိုစိုတို့ဟာ တလဲ့လဲ့တောက်ပနေ၏။ ပိတ်ကားမှအလင်းရောင်ထင်ဟပ်မှု့ကြောင့် အသေးလေ၏မျက်နှာအစိတ်အပိုင်းတွေကို ရှင်းလင်းစွာမြင်ရသည်။

"ခင်ဗျား ဘာလို့အဲ့သည်လောက်တောင်လှနေရတာလဲဆစ်"

အမေးစကားနှင့်ဆန့်ကျင်စွာ မေးခွန်းထုတ်လာသည့်ကောင်ဆိုးလေးကြောင်​့ ကျူရိုးမှာဖြေရခက်စွာ အိုးတိုးအန်းတန်းဖြစ်မိသည်။ သူ့မျက်နှာကိုစွန်ရဲတစ်ကောင်အလားစူးစိုက်ကြည့်နေတဲ့မျက်ဝန်းညိုတွေကြောင့် မနေတတ်စွာဖြင့်ခေါင်းငုံ့လိုက်မိသည်။

"ပိုင့်အ​ြမင်မှာ ကိုယ်ကလှနေလို့လား"

"ယောက်ျားတစ်ယောက်ကိုလှတယ်လို့မသုံးနှုန်းသင့်ပေမယ်​့ တကယ်ပဲခင်ဗျားကအရမ်းလှလွန်းတယ်။ ဒါ့ကြောင့်ဟိုအကောင်က ခင်ဗျားကိုနှာထတဲ့အကြည့်တွေနဲ့ကြည့်နေတာ ။ ကျုပ်လေ အဲ့ကောင်ရဲ့မျက်လုံးတွေကိုထိုးဖောက်ပစ်ချင်တဲ့စိတ်ကိုထိန်းထားရတယ်။ ခင်ဗျားကိုကျုပ်တယောက်ပဲကြည့်ချင်တယ်။"

ကောင်ဆိုးလေးထံမှာ အံကြိတ်ကာ သွားကြားထဲမှထွက်လာသောလေသံဖြင့်ပြောတဲ့စကားတွေကြောင့် ကျူရိုးမှာရင်ခုန်သံတွေမြန်လာရသည်။ ဒါ သူ့ကို ကောင်ဆိုးလေးက သဝန်တိုနေတာပါလို့ယူဆလို့ရတယ်မလား။ ဧကရာဇ်ကိုယ်တိုင်လည်း သူ့ကိုယ်သူဘာတွေဖြစ်နေတယ်ဆိုတာ မခန့်မှန်းတတ်လောက်တဲ့အထိ အတွေးတွေပိတ်ဆို့နေ၏။ ဒီလူ့အပေါ်မှာ သူ့ခံစားချက်တွေက ဒီရေလှိုင်းတွေလိုမငြိမ်မသက်နဲ့ဆောက်တည်ရာမရဖြစ်နေသည်။

ဟန်ဆောင်ဇနီး(သို့မဟုတ်)တစ်နှစ်စာလက်ထပ်စာချုပ်Z+Uحيث تعيش القصص. اكتشف الآن