🎻5🎻z+u

20K 1.1K 55
                                    

Uni

ဟန်ဆောင်ဇနီး

(သို့မဟုတ်)

တစ်နှစ်စာလက်ထပ်စာချုပ် (Bl)

Ep 5

မနက်ခြောက်နာရီထိုးတာနှင့် ဒေါ်နီလာတယောက် မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး မနက်စာပြင်ရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။ အိမ်အကူတွေရှိသော်လည်း အမျိုးသားနှင့်သားဖြစ်သူစားဖို့အတွက်တော့ သူ(မ)ကိုယ်တိုင်ချက်ပြုတ်တတ်သည်။ ဒေါ်နီလာ၏ခြေလှမ်းတွေ မီးဖိုဆောင်ထဲဝင်ရန်ပြင်စဥ် အေပရွန်ပန်းရောင်လေးကိုဝတ်ကာ မနက်စာပြင်နေသော ချွေးမအသစ်စက်စက်လေးကိုတွေ့လိုက်ရတော့ သူ(မ)အံ့ဩမိသည်။

"အန်တီနိုးပြီလား။ မနက်စာ,စားမယ်ဆိုရင်အဆင့်ပဲနော်။"

စားပွဲပေါ်မှာတင်ထားတဲ့ အငွေ့တထောင်းထောင်းထနေသော မုန့်ဟင်းရည်အနံ့လေးက စားချင်စားဖွယ်အတိ။ အကြော်မျိုးစုံနှင့် သံပုရာသီး၊ ငရုပ်သီးမှုန့်ပန်းကန်နှင့် မုန့်ဖက်ပန်းကန်လေးတွေကို အစီအရီပြင်ဆင်ထားသည်။ ကျူးရိုး၏မျက်နှာသည် ပကတိကြည်လင်သန့်ရှင်းနေ၍ စောစောစီးစီးကျက်သရေအပေါင်းနှင့်တင့်တယ်လှသည်။

"ဘယ်အချိန်တည်းက ထပြီးချက်ထားတာလဲ"

"မနက်ငါးနာရီလောက်ကမှထချက်တာပါ။ နောက်ရက်တွေလဲ ကျူရိုးပဲထပြီးချက်မှာမလို့ အန်တီအိပ်ရေးဝအောင်အိပ်ပါ။"

အပြုံးအေးအေးလေးနှင့်ပြောလာတဲ့ချွေးမလုပ်သူကိုကြည့်ကာ ဒေါ်နီလာတယောက် အနည်းငယ်အကောင်းမြင်စိတ်ကလေးဝင်လာသည်။ သို့သော် သူ(မ)စိတ်ပျော့လို့မဖြစ်ချေဘူး။

"ဒါဆိုသားနဲ့ သမီးအဖေကိုသွားနှိုးလိုက်လေ။ ကျန်တာမာမီပဲဆက်လုပ်လိုက်မယ်။"

"ဟုတ်ကဲ့ ​ေမ....မေမေ"

ကျူရိုးသည် ဒေါ်နီလာ၏ သူ(မ)ကိုယ်သူ(မ) မာမီဟူ၍သုံးနှုန်းပြောပြီး ကျူရိုးကိုလည်းသမီးဟုခေါ်လိုက်တာကြောင့် ပျော်သွားမိသည်။ ဒါဟာ သူ့ကိုဒီအိမ်ရဲ့ချွေးမအဖြစ်လက်ခံဖို့အခွင့်အရေးပေးသည်ဟု မှတ်လို့ရသည်မလား။ ဒေါ်နီလာအား မေမေ ဟုမရဲတရဲလေးခေါ်၍ အေပရွန်တောင်မချွတ်နိုင်ပဲ အပေါ်ထပ်သို့အပြေးလေးတက်လာမိသည်။ ပထမဦးစွာ ယောက္ခထီးကိုအရင်နှိုးရမည်။

ဟန်ဆောင်ဇနီး(သို့မဟုတ်)တစ်နှစ်စာလက်ထပ်စာချုပ်Z+UDonde viven las historias. Descúbrelo ahora