🎻7🎻z+u

19.5K 1K 38
                                    

Uni

ဟန်ဆောင်ဇနီး

(သို့မဟုတ်)

တစ်နှစ်စာလက်ထပ်စာချုပ် (Bl)

Ep 7

နံနက်ငါးနာရီဒေါင်ကနဲတီးသည်နှင့် ခိုင်းစေခြင်းမရှိပါပဲ အကျင့်ဖြစ်နေသည့်အလျှောက် မျက်လုံးကသူ့အလိုလိုပွင့်လာသည်။ အမြင်အာရုံအရှေ့တွင်ကာဆီးထားသည့်အရာသည် ကောင်ဆိုးလေး၏ရင်ခွင်ကျယ်ဖြစ်နေ၏။ ညဘက်အိပ်ချိန်တွင် တကွဲတပြားရှိသော်လည်း မနက်နိုးချိန်တွင်တော့ ကျူရိုး၏ခန္ဓာကိုယ်လေးသည် ကောင်ဆိုးလေး၏ရင်ခွင်ထဲတွင်ရောက်နေမြဲဖြစ်၏။ ကြည်နူးမှု့နှင့်အတူ ရင်ခွင်ပိုင်ရှင်လေး၏မျက်နှာချောချောကို တစိမ့်စိမ့်ကြည့်ခွင့်ရခြင်းဟာလည်း ဘာနဲ့မှမလဲနိုင်တဲ့ခံစားမှု့တခုဖြစ်လို့နေ၏။

ကျူရိုးသည် သူ့ရဲ့ခန္ဓာကိုယ်လေးကို ကျစ်ကျစ်ပါအောင်ထွေးပွေ့၍အိပ်မောကျနေသည့် ကောင်ဆိုးလေးမနိုးစေရန် ညင်ညင်သာသာဖြင့် ထိုရင်ခွင်ကျယ်ကြီးထဲမှရုန်းထွက်လိုက်သည်။ သာမန်အချိန်များတွင် မျက်မှောင်ကုတ်ကာ မျက်နှာကြီးတည်တင်းနေပြီး အသက်22နှစ်အရွယ်နှင့်မလိုက်ဖက်စွာ လူကြီးဂိုက်ဖမ်းနေသူသည် အိပ်နေချိန်တွင်တော့ပီဘိအပြစ်ကင်းစင်သည့်ကလေးငယ်လေးတစ်ယောက်နှင့်တူ၏။ တနေ့တခြားထိုလူသားကိုအပိုင်လိုချင်လာသည့်စိတ်အစုံကြောင့် ကျူရိုး၏ကိုယ်စိတ်နှလုံးမပျော်မွေ့နိုင်။

ဒီလူသားလေးဟာ ကိုယ့်အပိုင်မဟုတ်ပါလားဟူသည့်အတွေးဝင်လာချိန်တိုင်း ကြိတ်ငိုမိတာအကြိမ်ရေမနည်းတော့။ အတွေးမောတို့ကို သက်ပြင်းတခုနှင်ဖြေဖျောက်ရင်း ပြေပြစ်လှသည်နဖူးပြင်ဖွေးဖွေးနုတ်ခမ်းတစုံဖြင့်ထိကပ်လိုက်သည်။ ဪ သူသည်လည်း ဒီကလေးနှင့်တွေ့ကာမှ အနမ်းသူခိုးလုံးလုံးဖြစ်ရချေပြီ။ အပြုံးသဲ့သဲ့ဖြင့်ခေါင်းကိုခါရမ်းရင်း ရေချိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်၍ မနက်စာပြင်ဆင်ရန် မီးဖိုဆောင်ထဲသို့ဝင်လာခဲ့သည်။  ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ ဝက်သားသုံးထပ်သားနှင့် မုန်ညှင်းထုပ်ရယ် ငါးရံခြောက်လေးရယ်ရှိနေသည့်အတွက် အဆင်ပြေသလိုလေးချက်လိုက်သည်။

ဟန်ဆောင်ဇနီး(သို့မဟုတ်)တစ်နှစ်စာလက်ထပ်စာချုပ်Z+UWhere stories live. Discover now