🎻Final🎻 z+u

30K 1K 47
                                    

Uni


ဟန်ဆောင်ဇနီး

(သို့မဟုတ်)

တစ်နှစ်စာလက်ထပ်စာချုပ် (Bl)

Final

ပြင်ဦးလွင်မှရန်ကုန်သို့ပြန်လည်ရောက်ရှိခဲ့ပြီး သုံးပတ်အကြာ ဒီဇင်ဘာ20ရက်....

ထိုနေ့ဟာပရိသတ်များ၏အချစ်တော်super star တစ်ယောက် ဖြစ်သည့်ဧကရာဇ်ပိုင်မှူး၏မွေးနေ့ဖြစ်၏။

ကျယ်ပြန့်လှသောခြံဝန်းထဲတွင်လှပသေသပ်သောအပြင်အဆင်များနှင့်စားပွဲများကိုလှပညီညာစွာစီတန်းထားသည်။

ဧကရာဇ်၏Fanများမှအသီးသီးပို့ပေးလာသောလက်ဆောင်ပစ္စည်းများဟာ လေးထောင့်ဖန်စားပွဲအရှည်ကြီးပေါ်တွင်ပြည့်လုပြည့်ခမန်းဖြစ်၏။

ထို့အတူငွေသားပန်းစည်းများဟာလည်းရေတွက်လို့မရလောက်သည်အထိများပြားလွန်းပြီး..ဧကရာဇ်နှင့်ကျူရိုး၏စုံတွဲဓာတ်ပုံများကိုလည်းမှန်ဘောင်အကြီးအသေးဆိုဒ်မျိုးစုံဖြင့်လက်ဆောင်ပို့ပေးကြသေးသည်။

ဧကရာဇ်ပိုင်မှူးဆိုသည်နှင့် ကျူရိုးကိုးဆစ်ဆိုသည့် သူ၏ချစ်လှစွာသောခင်ပွန်းလေးဟာလည်းယှဥ်တွဲလို့မြင်လာကြပုံပင်။

အသေးအဖွဲကအစဂရုစိုက်ကာ ချစ်ပေးတတ်သောfanများကြောင့်ဧကရာဇ်ဟာပျော်ရွှင်နေရပါသည်။

"ကျွန်တော့်ရဲ့မွေးနေ့ပွဲကိုလာရောက်ဂုဏ်ပြုပေးကြတဲ့အနုပညာအသိုင်းအဝိုင်းကညီအစ်ကိုမောင်နှမများနဲ့...Fanလေးတွေကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။ ကဲ.. ကျွန်တော့်ရဲ့အိမ်သားလေးကိုယ်တိုင်စီမံချက်ပြုတ်ထားတဲ့ စားသောက်ဖွယ်ရာများကိုအရသာရှိရှိသုံးဆောင်ကြပါခင်ဗျာ။"

"Happy Birthdayဧကရာဇ်ပိုင်မှူး!!"

ဝိုင်ခွက်ကိုယ်စီမြှောက်ကိုင်ကာသံပြိုင်ဆုတောင်းပေးသံကြောင့်ဧကရာဇ်ဟာနှစ်လိုဖွယ်ပြုံး၏။

ဟန်ဆောင်ဇနီး(သို့မဟုတ်)တစ်နှစ်စာလက်ထပ်စာချုပ်Z+UDonde viven las historias. Descúbrelo ahora