Main Cast-Wang Yibo,Xiao Zhan
Supporting Cast-Jackson Wangတစ်ကိုယ်တည်းသမားမှာ ကာကွယ်ပေးစရာလူမရှိဘူး အိမ်ထောင်ဦးစီးတစ်ယောက်မှာတော့ ကာကွယ်ပေးစရာမိသားစုရှိလာပြီ ဒါဆိုတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တစ်ယောက်မှာရော
ဒါပေါ့ သူ့မှာကာကွယ်ပေးစရာတွေ အရမ်း အရမ်းကိုများတာပေါ့
ဝမ်ရိပေါ်က ဘုရင်တစ်ယောက်ပဲ သူကပြည်သူတွေကိုကာကွယ်တယ် ပြည်သူတွေမဆင်းရဲအောင်၊ပြည်သူတွေ မဖျားနာအောင်၊ပြည်သူတွေ လေဒဏ်မိုးဒဏ်မသင့်အောင် ကြက်သားပေါက်လေးတွေကို ကြက်မကြီးကကာကွယ်သလို ကာကွယ်ပေးခဲ့တယ်။
ကြက်သားပေါက်လေးတွေကို ကာကွယ်ပေးနေတဲ့ ကြက်မကြီးကို ဘယ်သူကကာကွယ်မလဲမသိပေမယ့်ဘုရင်ကြီးဝမ်ရိပေါ်ကိုတော့ ကြင်ယာတော်ရှောင်းကျန့်က ကာကွယ်ပေးခဲ့တယ်
တစ်ဖက်မှာတိုင်းပြည် တစ်ဖက်မှာချစ်ရသူ သူရဲ့ရင်နဲ့သားနဲ့မခြားတဲ့ပြည်သူတွေကပဲ သူချစ်ရတဲ့သူရဲ့အသက်ကိုလိုချင်လာတဲ့အခါ
ကြင်ယာတော်က ဘုရင်ဝမ်ရိပေါ်ကိုကာကွယ်ဖို့ ဓားစက်ပေါ်လည်စင်းပေးခဲ့တာဟာလဲ အချစ်ပဲထင်တယ်
""Sean မြန်မြန်လာကွ အချိန်ကသိပ်ရတာမဟုတ်ဘူး""
ရှောင်းကျန့် အတွေးထဲလွန်နေတုန်း ခေါ်သံကြားလို့ကြည့်လိုက်တော့ ဂူပေါက်ဝကနေ အပြင်မှာရှိတဲ့သူ့ကိုလက်ပြကာခေါ်နေတဲ့ Jackson။သူလဲ ရေရရာရာမသိတဲ့အတွေးတချို့ကိုရပ်ကာ Jacksonဆီကို လျှောက်သွားလိုက်တယ်။
""ဒီထဲ ခနလောက်လာရဖို့ငါ့အဖွားကိုမနည်းပူထားရတာနော် မင်းမို့လို့ငါခေါ်တာ""
ဂူပေါက်ထဲလျှောက်ဝင်သွားနေရင်းနဲ့ ရှောင်းကျန့်ကိုjacksonက ပြောလိုက်တယ်။jacksonနဲ့သူနဲ့က landonမှာထဲကခင်မင်လာခဲ့တာ။ရှောင်းကျန့်ရော သူရောက ရှေးဟောင်းဗိသုကာကျောင်းသားတွေ။ရှောင်းကျန့်တို့မိသားစုက မချမ်းသာပေမယ့် အလယ်အလတ်တန်းစားလောက်ထဲပါတယ်။ဒါပေမယ့် သူ့မိဘတွေဆုံးသွားတော့ ကျောင်းစရိတ်ကြောင့် ရှောင်းကျန့်ဆင်းရဲသွားတယ်ပဲပြောရမှာပေါ့။ဒါကြောင့် မိဘတွေနဲ့အတူနေခဲ့တဲ့အရင်အိမ်ကြီးကိုရောင်းပြီး စျေးသက်သာတဲ့အိမ်လေးတစ်လုံးကိုဝယ်နေခဲ့ပြီး ကျောင်းဆက်တတ်ခဲ့ရတယ်။သူနဲ့Jacksonစသိတုန်းကဆို Jacksonကိုသူ့လိုပဲ စကော်လားနဲ့လာတယ်ပဲထင်ခဲ့တာ။ထင်ဆို jacksonကဟိတ်ကြီးဟန်ကြီးမရှိဘူးလေ ခင်မင်တာ 3နှစ်ကြာပြီး နောက်ဆုံးနှစ်ရောက်သည်အထိ jacksonကသူတို့စသိခဲ့တဲ့အတိုင်း သူ့ကိုseanလို့သာခေါ်ခဲ့တယ်။
YOU ARE READING
1823(oneshot collection)
FanfictionOne shortတွေချည်းပဲ horrorတွေကြားထဲမှာ အရိုလေးအငိုလေးတစ်ပုဒ်ဆီ ဖြတ်ဖြတ်လာမယ်