ခွဲခွာရမယ့် ဇာတ်သိမ်းခန်းရှိပြီးသား
သူစိမ်းနှစ်ယောက်က ဘာအတွက်များ
ဆုံတွေ့ခဲ့ကြရတာလဲ..
""ကျန့် ကိုယ်ပြန်ရောက်ပြီ""
နှုတ်ဆတ်တဲ့သူက နှုတ်ဆတ်ပေမယ့် အခန်းအတွင်းမှာတော့ ဖြေသူမဲ့။သို့ပေမယ့် နှုတ်ဆတ်တဲ့လူကတော့ ထိုအရာကိုနေသားကျနေပုံပေါ်တယ်။လက်ထဲက အိတ်ကို ဘေးနားအသာချလို့ တစ်စုံတစ်ယောက်ကို အနှောင့်အယှက်ပြုမိမှာဆိုးသလိုမျိုး အခန်းထဲကိုတဖြေးဖြေးလှမ်းဝင်လာတယ်။
ဒီနေ့က10လပိုင်း7ရက်နေ့ ။နောက်ပြီး ကျန့်ထွက်သွားတာ 5နှစ်2လနဲ့16ရက်နေ့
သူနောက်က တစ်ကောက်ကောက်လိုက်ခဲ့တဲ့ ကောင်လေး။သူ့ကိုဆိုမငြိုမငြင်ချစ်ရှာတဲ့ကောင်လေး။သူ့ကြောင့်ဝမ်းနည်းတိုင်း မျက်ရည်တွေအပြည့်နဲ့ ငေးကြည့်တတ်တဲ့ကောင်လေး။ပင်ပန်းနေရင်တောင် သူ့ရှေ့ဆို ပြုံးပြတတ်တဲ့ကောင်လေး။
ဒီနေ့တော့ 8နှစ်တာထိုကောင်လေးနဲ့အတူနေခဲ့တဲ့ ဒီနေရာမှာ သူအပြီးပြောင်းလာနေခဲ့တာ 5နှစ်ပြည့်ဖြစ်တယ်။သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေ၊ကောင်လေးရဲ့ကိုယ်သင်းရနံ့တွေနဲ့လွှမ်းခြုံနေတဲ့နေရာလေး။အရင်ကတော့ ဒီနေရာဟာ သူမလာချင်ဆုံးနေရာဆိုပေမယ့် အခုလက်ရှိမှာတော့ သူအနေချင်ဆုံးနေရာဖြစ်လို့နေပြီဆိုတာ အထက်တန်းတုန်းက သူငယ်ချင်းတွေများသိရင် ထိုင်ရယ်လောက်နေမလားပဲ
ကျန့်ရဲ့အခန်းနားရောက်တော့ လုပ်နေကျအတိုင်းတံခါးကိုသုံးချက်ခေါက်မိတယ်။စိတ်ထဲကသိနေပေမယ့် လက်တွေကအကျင့်ဖြစ်နေပုံပေါ်တယ်။ကျန့်အမြဲထိုင်နေကြ စာအုပ်စင်နားကခုံကိုရောက်တော့ ခံစားရသည်က ဟိုအရင်ကအတိုင်း။
""မောင် ပြန်လာပြီလား""ဟိုအရင်ကလိုပဲ ကျန့်ကလက်ထဲကစာအုပ်ကို အသာချပြီး သူ့ကိုလှည့်ကာ ပြုံးပြုံးလေးနှုတ်ဆတ်တယ်။
""အင်း ကိုယ်မင်းကိုစောင့်နေခဲ့မိစေပြီ""
""ငါက မင်းကိုအမြဲစောင့်နေခဲ့တာပဲလေ"" နှုတ်ခမ်းလေးထော်ကာ မချေမငံလေးပြန်ပြောလာတဲ့ ကျန့်က အရမ်းချစ်စရာကောင်းတာကို သူအရင်ကဘာလို့ သတိမထားမိခဲ့ရတာလဲ။
YOU ARE READING
1823(oneshot collection)
Fiksi PenggemarOne shortတွေချည်းပဲ horrorတွေကြားထဲမှာ အရိုလေးအငိုလေးတစ်ပုဒ်ဆီ ဖြတ်ဖြတ်လာမယ်