ရှောင်းကျန့်က လမ်းတွေကိုမေ့တယ်
ကိန်းဂဏန်းတွေကို မေ့တယ်
နာမည်တွေကိုမေ့တယ်
ဒါပေမယ့် 25နှစ်ကြာပြီးတဲ့အထိ လူတစ်ယောက်ရဲ့နာမည်ကို သူမမေ့ခဲ့ပါဘူးတဲ့
ရှောင်းကျန့်ဟာ အခုဆိုအသက်55နှစ်ဖြစ်လို့နေပြီအရွယ်တင်တဲ့သူ့ရဲ့ ဆံပင်တွေကအလုံးစုံမဖြူသေးပေမယ့်လဲ မျက်လုံးထောင့်စွန်းနဲ့ နဖူးအလယ်ကဇရာတွေကတော့ စလို့လာနေပြီ
ရှောင်းကျန့်ဟာ လူတစ်ယောက်ကိုရှာတယ်။မပြောမဆိုနဲ့သူ့ဘဝထဲက ပျောက်ကွယ်သွားတဲ့သူတစ်ယောက်ကိုပေါ့။25နှစ်လုံးလုံး ရှောင်းကျန့်ဟာလူတစ်ယောက်ကိုပဲရပ်စောင့်နေတယ်။အဝါရောင်ပန်းခင်းကြီးရဲ့အလယ် တနည်းအားဖြင့် သူတို့စတွေ့ခဲ့ရတဲ့ကာနိုလာပန်းခင်းကြီးရဲ့အလယ်။ထိုနေရာမှာ ထိုသူများရောက်လို့နေမလား မျှော်လင့်ချက်နဲ့သူရပ်စောင့်နေခဲ့တယ်။မျှော်လင့်ချက်လေးတစ်ခုပါပဲ ဒါပေမယ့်လွှတ်ချလိုက်ဖို့အတွက်ခဲယဥ်းတယ်။အချိန်တစ်ခုအထိ သူ့ကိုစောင့်နေပါဆိုတဲ့သတိပေးစကားသံနဲ့ထိုလူဟာ ကာနိုလာပန်းခင်းကြီးအလယ်သူ့ကိုထားရစ်ခဲ့တယ်
လွန်ခဲ့တဲ့35နှစ်နွေရာသီအလယ် ကာနိုလာပန်းခင်းကြီးထဲမှာ သူတို့ကတိထားခဲ့ကြတယ်။ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေမကျန်းမာသည်ဖြစ်စေ ဝမ်ရိပေါ်ဆိုတဲ့ယောကျာ်းဟာ ရှောင်းကျန့်ဆိုတဲ့သူ့ကိုမထားခဲ့ပါဘူးဆိုတဲ့ကတိလေ သို့ပေမယ့်လည်း နိုင်ငံရေးတွေဝင်ရှုပ်တဲ့အခါမှာထိုအမျိုးသားဟာ သူ့ကိုကိုယ်တိုင်ကိုယ်ကျနှုတ်မဆတ်အား၊သတိပေးစာစောင်တစ်ခုနဲ့သာထားရစ်ခဲ့ရပြီး သူ့ရဲ့တပ်မတော်ထဲပြန်ဝင်သွားခဲ့ရတယ်။နောက်တော့ ထိုသူပြန်မလာတော့ဘူး။ဖဲဘူးလေးနဲ့ထုတ်ထားတဲ့ ဆွဲကြိုးလေးသာ သူ့ဆီပြန်ရောက်လာတယ်။ကြောင်အသွားတဲ့သူ့ကို ကိုယ်တိုင်ကိုယ်ကျပစ္စည်းလာပို့တဲ့တပ်ချုပ်ကနှစ်သိမ့်ပေမယ့် သူဘာကိုမှမကြားနိုင်။လူတိုင်းကသူ့ကိုလိမ်နေကြတာပဲ။ရှောင်းကျန့်က ထိုသူကိုကာနိုလာပန်းခင်းကြီးထဲ နွေနွေမိုးမိုးမပျက်မကွက်စောင့်ခဲ့တယ်။သူ့ကိုမချစ်တော့လို့ သူ့အနားမလာချင်လို့ပဲနေမှာပါ သူသာကတိတည်တည်နဲ့စောင့်မယ်ဆိုရင် ထိုသူကပြန်လာလောက်မှာ။
YOU ARE READING
1823(oneshot collection)
FanfictionOne shortတွေချည်းပဲ horrorတွေကြားထဲမှာ အရိုလေးအငိုလေးတစ်ပုဒ်ဆီ ဖြတ်ဖြတ်လာမယ်