လုယက်ပြီးလူသတ်မှုတဲ့
""သနားပါတယ် တရုတ်လူမျိုး အသက်သုံးဆယ်လောက်ပဲရှိသေးတာတဲ့""
""ခရီးသွားbloggerဖြစ်မယ်ထင်တယ် နာမည်ကဝမ်ရိပေါ်ဆိုလားပဲ YT channelတောင်ရှိတယ်""
""လူတွေကလဲ ပစ္စည်းလိုချင်ရင်ပစ္စည်းပဲယူတာမဟုတ်ဘူး ကောင်လေးကအသားဖြူဖြူချောချောလေးနဲ့သနားစရာပါအေ""
လမ်းဘေးတစ်နေရာမှာ ဝိုင်းအုပ်နေတဲ့လူတွေရဲ့ စကားသံတွေကြားမှာအဓိကဇာတ်ဆောင်ဖြစ်တဲ့ အမျိုးသားကတော့မနိုးသောအိပ်စက်ခြင်းနဲ့အိပ်ပျော်နေခဲ့ပါပြီ။အမျိုးသားရဲ့ကိုယ်ပေါ်မှာပါလာတဲ့ အဖိုးတန်မယ်ထင်ရတဲ့ ကျောပိုးအိတ်ကပျောက်ဆုံးနေခဲ့ပြီး တခြားတန်ဖိုးကြီးတဲ့အရာကိုမတွေ့ရပါဘူး။လာရောက်စစ်ဆေးတဲ့သူတွေက စစ်ဆေးပြီးတဲ့အခါ နိုင်ငံရပ်ခြားမှာရှိတဲ့မိဘတွေကိုအကြောင်းကြားဖို့ပြင်လိုက်ကြတယ်။လူတွေက တဖြေးဖြေးနဲ့ရှဲသွားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ထမ်းစဥ်ပေါ် ထိုအမျိုးသားရဲ့ခန္ဓာကိုယ်ကိုပင့်တင်ဖို့လုပ်ရင်း ထိုအမျိုးသားရဲ့အိတ်ကပ်ထဲကနေအမဲရောင်ကျောက်တုံးလေးတစ်တုံး ထွက်ကျသွားခဲ့တာကို ဘယ်သူမှသတိမမူမိလိုက်ပေ။
ထိုအဖြစ်အပြတ်တွေဖြစ်ပြီးသွားတာ 5နှစ်တာမျှကြာခဲ့ပြီဖြစ်ပြီး အရာအားလုံးကအလျင်အမြန်တိုးတတ်လာခဲ့တယ်။5နှစ်တာဆိုတဲ့အချိန်ဟာ လူသတ်မှုတစ်ခုကို လူတွေမေ့ဖို့လုံလောက်ပါတယ်။ဟိုယခင်က လူပြတ်တဲ့ထိုနေရာမှာ ကားမှတ်တိုင်တစ်ခုက အလျင်အမြန်ပဲအစားထိုးလာခဲ့တယ်။
ရှောင်းကျန့် ရုတ်တရက်သတိဝင်လာတယ်။အနီရောင်expressကားတစ်စီးကသူ့ရဲ့ရှေ့တည့်တည့်မှာရှိပြီး သူ့ပတ်ပတ်လည်ကလူတွေကလဲဆယ်ကျော်သက်တွေချည်းပဲဖြစ်တယ်။သူအိမ်မှာ အိပ်နေတာမဟုတ်ဘူးလား ဘာလို့လူတွေကြားထဲရောက်နေရတာလဲ။မစဥ်းစားနိုင်လောက်အောင် ခေါင်းကအုံခဲနေပြီး တစ်စုံတစ်ယောက်ကိုလဲမေ့နေသလိုသူခံစားရတယ်။အခုကသူက အစစ်လား မှတ်ဉာဏ်ထဲကသူကအစစ်လားလဲ ရှောင်းကျန့်မသိပေ။အခုသူ့ရှေ့က လူတွေကသူ့ရဲ့ကျောင်းနေဖက်တွေဖြစ်ပြီး ငပလီကိုအပန်းဖြေခရီးထွက်ဖို့ကားပေါ်တတ်နေတာပဲဖြစ်သည်။
YOU ARE READING
1823(oneshot collection)
FanfictionOne shortတွေချည်းပဲ horrorတွေကြားထဲမှာ အရိုလေးအငိုလေးတစ်ပုဒ်ဆီ ဖြတ်ဖြတ်လာမယ်