Supporting Cast-လျှိုဟောက်ရန်
ဝမ်ရိပေါ်အပေါ် သူ့ရဲ့အမြင်က အစအနောက်သန်တဲ့ကျောင်းသားဆိုးတစ်ယောက်ပေါ့ စာကလဲမတော်တဲ့အပြင် ရန်ပွဲမှာဆိုလဲထိပ်ဆုံးဖြစ်သေးတယ်လေ။နောက်ပြီး သူ့ကိုတွေ့ရင်အမြဲပြောင်စပ်စပ်နဲ့စနောက်နေတာကြောင့် ဝမ်ရိပေါ်အပေါ်သူ့ရဲ့အမြင်တွေက သိပ်မကောင်းခဲ့တာထင်တယ်
ဒါပေမယ့် အဲ့ဒီနေ့ အဲ့ဒီနေ့မတိုင်ခင်အထိပေါ့ ဝမ်ရိပေါ်က သူ့ကိုပွေ့ချီရင်း၊သူ့ရဲ့နာမည်ကို အဆက်မပြတ်အော်ခေါ်ရင်း ကြောက်လန့်နေခဲ့တာ။သေခါနီးလူတစ်ယောက်ရဲ့အကြားအာရုံက အရမ်းပါးတယ်လေ ဝမ်ရိပေါ်က သူသတိလစ်မသွားအောင် သူတို့ကြားကအမှတ်တရတွေကို ပြန်ပြောပြနေခဲ့တာကို သေချာကြားခဲ့ရတယ်။သူ မသေခင်သိလိုက်ရတာက သူ့ကိုတချိန်လုံးအမြင်ကပ်နေတယ်လို့ ထင်ခဲ့တဲ့သူက သူ့ကိုချစ်တယ်တဲ့
ရှောင်းကျန့် မျက်လုံးပြန်ဖွင့်လိုက်တော့ သူမအသက်ဆယ့်ငါးနှစ်ကိုပြန်ရောက်ရှိနေခဲ့ပြီ။အထက်တန်းကျောင်း ပထမနှစ်။သတိရရခြင်း သူ့ ပတ်ပတ်လည်က ဆူညံနေတဲ့ကျောင်းသားတွေကိုကြည့်ပြီး ထိတ်လန့်သွားတယ်။အားကစားလုပ်နေတဲ့လူကြားထဲမှာ ထင်းထွက်နေတဲ့ကောင်မလေးတစ်ယောက်ကိုမြင်ပြီး ကြောင်အသွားတယ်။အဲ့ကောင်မလေးက သူ့ရဲ့နှစ်ယောက်မရှိတဲ့ Crushလုဖေးဖေးဖြစ်ပြီး အရင်ဘဝတုန်းက သူ့ကိုတိုက်ရိုက်သေဆုံးစေခဲ့တဲ့သူပဲ။တကယ်ပဲသူ ပြန်မွေးဖွားလာတာများလား။
နေရောင်ထဲမှာ တတ်ကြွနေတဲ့လုဖေးဖေးနဲ့ယှဥ်ရင် ခုံတန်းလေးမှာထိုင်နေတဲ့ သူကတိတ်တဆိတ်နေတတ်တဲ့ကြောင်လေးလိုပဲ။ဒါက ဝမ်ရိပေါ်ရဲ့သူ့အပေါ် ပထမဆုံးအမြင်ပါပဲ။သူ စိုက်ကြည့်နေတဲ့အချိန်မှာပဲ တဖက်လူကလဲသူ့ကိုမော့ကြည့်လာတယ်။သူ့ကိုမြင်တော့ တောက်ပသွားပြီးနောက် အရည်လဲ့လာတဲ့မျက်ဝန်းတစ်စုံ။ထိုအချိန်မှာ ဝမ်ရိပေါ်ရဲ့တစ်ခုတည်းသောအတွေးက ဖက်ထားချင်လိုက်တာဆိုတာပဲ
""ဝမ်ကော ရှောင်းကျန့်ကို စိတ်ဝင်စားလို့လား""လျှိုဟောက်ရန်က ဝမ်ရိပေါ်ရဲ့အနားကိုတိုးကပ်ပြီးမသိမသာမေးလိုက်တယ်။
YOU ARE READING
1823(oneshot collection)
ספרות חובביםOne shortတွေချည်းပဲ horrorတွေကြားထဲမှာ အရိုလေးအငိုလေးတစ်ပုဒ်ဆီ ဖြတ်ဖြတ်လာမယ်