ဝမ်ဒီဂို

351 43 0
                                    

လူတစ်ယောက်ဟာ သူအသက်ရှင်ဖို့အတွက်အခြား လူတစ်ယောက်ကို သတ်ဖြတ် စားသောက်လိုက် တယ်ဆိုရင် အဲ့ဒီလူဟာ ဝမ်ဒီဂိုတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတယ်လို့ ပြောဆိုကြတယ်။နောက်ပြီး ဝမ်ဒီဂိုတွေဟာ မှော်ပညာကနေအသွင်းပြောင်းလာတဲ့သတ္တဝါတွေ ဖြစ်တယ်လို့လည်း ယူဆကြတယ်။ ဘယ်လိုပဲ ကွာခြားမှုတွေ ရှိနေပါစေ ဝမ်ဒီဂိုဟာ ဆယ့်ငါးပေ မြင့်ပြီး နက်မှောင်တောက်ပနေတဲ့မျက်လုံးတွေ၊ ချွန် ထက်နေတဲ့အစွယ်တွေ၊ ကြောက်မက်ဖွယ်ခြေသည်း များနဲ့ ရှည်လျားလွန်းလှတဲ့ လျှာများရှိတယ်လို့ လက်ခံထားကြပါတယ်။

ဝမ်ဒီဂိုဆိုတဲ့အကောင်ကို ပေါ့သေးသေးလို့မ ထင်မှတ်လိုက်ပါနဲ့။ သူဟာ dark magicကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်ပြီး ရာသီဥတုကို ထိန်းချုပ်ကာ တောထဲမျက်စိလည်လမ်းမှားနေတဲ့ လူတွေကို သတ်ဖြတ်စားသောက်လေ့ရှိတယ်လို့ပြောကြတယ်။သူဟာ သာမာန်လူသားတွေထက်ပိုမိုသန်မာပြီး မျက်စိ တစ်မှိတ်အတွင်း ကိုယ့်ရှေ့ကပျောက်ကွယ်သွားနိုင် သလို မျက်တောင်တစ်ချက်ခတ်လိုက်ရုံနဲ့ ကိုယ့်ရှေ့ မှာ ဗြုန်းဆိုပြီးလည်းပေါ်လာနိုင်ပါတယ်။

""ဖုန်း ဖုန်း ဖုန်း""

ပြေးလွှားနေရင်းနဲ့ပဲ သည်းထိတ်ရင်ဖိုစာအုပ်တစ်အုပ်ထဲက အကြောင်းအရာတစ်ခုကရှောင်းကျန့်စိတ်ထဲပေါ်လာတယ်။တိတ်ဆိတ်နေတဲ့တောထဲမှာသူ့ရဲ့ခြေသံရယ် သစ်ရွက်ကြွေသံရယ်ကလွဲပြီးအရာအားလုံးကဗလာနတ္ထိ

သူ့သူငယ်ချင်းတွေကရော သေပြီလားရှင်သေးရဲ့လား သူမသိဘူး နောက်ပြီးသူကရောဘယ်သူလဲဆိုတာသူမသိဘူး ရှောင်းကျန့်လား ဝီလီဂျက်ဆန်လားမသိဘူး သေချာတာကတော့ သူဒီနေရာမှာရှိနေရမှာမဟုတ်ဘူး

မဲမဲသဏ္ဠာန်အရိပ်တစ်ခုက သစ်တောထဲပြေးလွှားနေတဲ့ကောင်လေးတစ်ယောက်နောက်ကနေ လိုက်လို့နေတယ်။နှစ်ဦးသားအကွာအဝေးက တဖြေးဖြေးနီးလာရင်းနီးလာရင်း

""အင့်""

သစ်မြစ်တစ်ခုကို ခလုတ်တိုက်ပြီးချော်လဲသွားတဲ့အခိုက်အတန့်မှာ ရှောင်းကျန့်သူ့ကံဆိုးမှုကိုသူကျိန်ဆဲလိုက်တယ်။သူ ဒီလိုလဲနေလို့မဖြစ်ဘူး သူ့နောက်ကအရာကမှီလာတော့မယ်။ခြေထောက်နဲ့လက်တွေမှာပွန်းပဲနေတဲ့ဒဏ်ရာတွေကို သူမမှုနိုင်ဘူး။ပြန်ထဖို့အားယူလိုက်သည့်တခနမှာပဲ နောက်ကျောဖက်ဆီကရှူးခနဲ  ရှုးခနဲအသက်ရှုသံကရှောင်းကျန့်ရဲ့နားထဲရောက်ရှိလာတယ်။သွားပြီ နောက်ကျသွားပြီ

1823(oneshot collection)Where stories live. Discover now