🍀JUST RIKI AND HIS BROTHERS🍀

2.4K 159 1
                                    

မားက အကို၀မ်းကွဲ သုံးယောက်နဲ့ တူတူနေ ဆိုလို့ တူတူနေမိပါတယ် ငါးပါးကိုမှောက်လို့ အောင်သွယ်ပေးရတာနဲ့ သူတို့ရီးစား လိုက်ချော့ပေးရတာနဲ့ သူတို့အလုပ်တွေချည်း.....

သုံးယောက်လုံးက အသက်တူပေမယ့် လပိုင်းကွာခြားမှုကြောင့် ကိုကြီး ကိုလတ် ကိုငယ်ပေါ့ .....

အသက်ပြည့်ပြီဆိုကာ အိမ်က ထွက်လာပြီး သုံးယောက်သားတူတူနေကြရင်း သူတို့ညီလေး ကျွန်တော့်ကို စောင့်ရှောက်နေရတယ်ပေါ့ဗျာ....

အကိုသုံးယောက်လုံးကတော့ တစ်အိမ်တည်းနေကြပေမယ့် ပုံစံကတစ်မျိုးစီ....

ကိုကြီးက အိမ်ရဲ့ အရာအားလုံးစီမံသလောက် ကျန်နှစ်ယောက်ကတော့ တစ်ယောက်တစ်မျိုးသာ‌ဖြစ်သည်.....

ကိုလတ်ကတော့ တစ်နေကုန် ကျောင်းတက် ပြီးရင် အချိန်ပိုင်းလုပ် တစ်ခါတစ်လေ ရီးစားနှင့်date ဒါတွေသာ လုပ်သည်....

ကိုငယ်ကတော့ မပွင့်မလင်း စိတ်ထဲရှိသည့်အရာသိမ်းထားတတ်လွန်းသည်ပင် ဒီကိစ္စကြောင့် ကိုကြီး ကိုလတ်နှင့် သူ့ရီးစားလေးနှင့်အကြိမ်ကြိမ်ပြဿနာတက်ကြပါသည်....

ကိုကြီးသည်လဲ ရီးစားရှိသည် ။
ပုံမှန်၌ မျက်နှာကြီးတည်ထားတတ်သော်လဲ ရီးစားနှင့်ဆိုလျှင် သကာရည်အလောင်းခံထားရသည့်မျက်နှာကြီးနှင့် သွား32ချောင်းပေါ်အောင်ပင် ကျေကျေနပ်နပ်ကြီး ပြုံးနေတတ်သည်။

အကိုသုံးယောက်က တစ်ခုကလေးမှ မတူညီကြပေမယ့်လဲ
တူညီသည်မှာတော့ သုံးယောက်လုံး ဘဲကြောက်များဖြစ်ကြသည်...

_________________________________🍀

မီစိတ်ကူးပေါ်ရာလေးပါ အဆင်ပြေသလို ဝေဖန်လို့ရပါတယ်ဗျာ...

ပြီးတော့သီတင်းကျွတ်လက်ဆောင်‌အနေနဲ့
ပေးချင်တာကြောင့် အလောသုံးဆယ်ရေးမိလို့ လိုအပ်တာရှိရင်
ထောက်ပြပေးလို့ရပါတယ်ဗျာ🙆

နီ-ခီ POVက ရေးတာများမှာပါ သူ့သူငယ်ချင်းတွေနဲ့ သူ့အကိုတွေရဲ့ ပြဿနာကို လိုက်ဖြေရှင်းပေးရမဲ့ပုံမျိုး ရေးမှာမို့ပါ 🙆

02ᴢ ᴀɴᴅ ᴛʜᴇɪʀ ʙᴏʏꜰʀɪᴇɴᴅꜱ Where stories live. Discover now