🌱RiKi's one sided LOVE🌱

958 91 11
                                    

အထက်တန်းပထမနှစ်~~

အထက်တန်းနှစ်ရဲ့ ပထမဆုံး‌နေ့ ။ ကိုလတ်က သူ့ကျောင်းသွားရင်း အမြဲ ကျောင်းပို့ပေးနေကျမို့ နိုးသည်နှင့် လုပ်စရာအလုပ်တွေအား မြန်မြန်ဆန်ဆန်လုပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"ရီခီ နိုးလာပြီလား "

"ဟုတ် ကိုကြီး "

"မနက်စာလာစား "

"ကိုလတ်ရော ကိုကြီး"

မနက်စောစော ကိုလတ်ကိုမတွေ့ရတာ အထူးဆန်းဆုံးပင် ရီးစားလေးက ကျောင်းဥက္ကဌမို့ကျောင်းသွားဖို့ဆို အမြဲတက်ကြွနေတတ်သည်မို့....

"ငယ်လေးရေ ဒီနေ့ကိုယ့်ဘာသာသွားရမယ်ထင်တယ် မင်း ကိုလတ်က ဖျားနေတယ် အိပ်ယာထဲမှာပဲ"

"အာ ဒါဆို ကိုငယ်ပို့ရင်ရော "

"လိမ္မာပါတယ် ငယ်လေး‌ရာ busနဲ့သွားလိုက်နော် ဒီနေ့မနက်ကိုငယ်က အတန်းရှိတာမို့"

ဘာတွေပဲဖြစ်နေပါစေ bus မစီးချင်ပါ ထိုင်ခုံလုရတဲ့အလုပ်ကို မလုပ်ချင်ဆုံးပင် ပြီးတော့ ကျောင်းတက်ချိန်၌ လူများတာမို့ ရီခီ မကြိုက်။

ပြီးတော့ ဒီနေ့ ဂျောင်၀န်းကိုလဲ ၀င်ခေါ်ရမှာကို။

"ဒါဆို ကိုကြီး..."

"မပို့ဘူး"

စကားတောင်မဆုံးသေး အငြင်းခံရတဲ့ ရီခီလေးပါ။

"ဘာလို့တုန်း"

"ကျောင်းကဆရာတွေနဲ့မတွေ့ချင်လို့လေ တစ်ခါကျောင်းလာကြိုပေးတာ မှတ်မိလား မပြီးတော့ဘူးလေ ခိုင်းစားနေတာ"

"ဟ အဲ့ဒါက ကိုကြီးက စာတော်တဲ့ကျောင်းသားကိုး သူတို့အားကိုးရအောင် ကိုယ့်ဘာသာလုပ်ထားတာလေ လိုက်ပို့ပါဗျာ ဒီနေ့ သူငယ်ချင်းကိုလဲ ၀င်ခေါ်ရမှာမို့ပါ"

မျက်နှာငယ်လေးနဲ့ပြောလိုက်တော့ ကိုကြီး နဲနဲလျှော့လာသည်။

"ဒါဆို ကျောင်းမရောက်ခင်လောက်မှာရပ်ပေးမယ် ရလား"

"ရတယ် ရတယ် သွားကြိုရမဲ့သူငယ်ချင်းလဲလမ်းကြုံတယ် ဟီး ‌"

ထိုနေ့မှစ ကျောင်းပို့သည့်သူမှာကိုကြီးဖြစ်လာပြီး ဂျောင်၀န်းအားလဲ ကျောင်းဖွင့်ရက်တိုင်း၀င်ခေါ်ခဲ့ရသည်။

02ᴢ ᴀɴᴅ ᴛʜᴇɪʀ ʙᴏʏꜰʀɪᴇɴᴅꜱ Where stories live. Discover now