"ကိုကြီး ကိုကြီး ကိုကြီး..."
ကိုကြီးမထူးသည်မို့ မရှိဘူးထင်ကာ ရုပ်ရှင်ကြည့်ရင်းစောင့်မည်အကြံဖြင့် တံခါးဖွင့်၍ မီးဖွင့်လိုက်ပြီးနောက်....
"ဘုရားရေ ပလုတ်တုတ်!!!"
"ကိုကြီး ဘာလုပ်နေတာလဲ အသံလဲမပေးပဲ ကျွန်တော်ခေါ်တာ မကြားဘူးလား"
မလှုပ်မယှက်ထိုင်နေသည့်ကိုကြီးအား ကိုယ်ကို ဆွဲလှည့်လိုက်တော့....
"ဟင် မျက်လုံးတွေ ဘာလို့ ဒီလောက်နီနေရတာလဲ ဘာဖြစ်လို့လဲဟင်"
ဒီလိုကြီးတစ်ယောက်တည်းထိုင်နေတာ ခြင်တွေကိုက်ကုန်တော့မှာပဲ...
ဟိုအတူတူနေပါတယ်ဆိုတဲ့အကိုနှစ်ယောက်ကလဲ အရမ်းအားကိုးရတာနော် ကိုကြီးရောက်နေမှန်းတောင်မသိကြဘူးထင်ပါတယ်။
"ကိုလတ် ကိုငယ် ဘယ်သူမှမရှိကြဘူးလား"
ခေါ်သံကြားကာမှ နှစ်ယောက်သား ပြေးဆင်းလာကြသည်မှာ ကပိုကယိုဖြင့်....
"ဘာဖြစ်လို့လဲ ရီကီ ဘယ်သူအနိုင်ကျင့်လို့လဲပြော"
"ကျွန်တော်မဟုတ်ဘူး ဘာမှလဲမဖြစ်ဘူးကိုလတ် ဟိုမှာကြည့် ...."
ကျွန်တော်ပြတော့ ကိုလတ်ကကြည့်သည်...
"ဟင် ဂျေးအီလား ဘယ်တုန်းက ရောက်နေတာလဲ"
ပြောပါတယ် အရမ်းအားကိုးရတာပါလို့....
"ဟင် ဂျေး ဘာဖြစ်တာလဲ ငိုထားတာ???"
"ဟင့်အင်း မဟုတ်ဘူး ငါနားတော့မယ်"
ထထွက်မယ်လုပ်နေသည့် ကိုကြီးအား ကိုငယ်မှာ အားဖြင့် ဆွဲထိုင်ချစေလိုက်ကာ...
"ပတ်ဂျေး ငါတို့ကညီအစ်ကိုတွေ မဟုတ်ဘူးလား ဘာဖြစ်လဲ ပြောစမ်း..."
ကိုကြီး ဒီလိုမျိုးဖြစ်သည်ကိုမြင်ရသည်မှာ ပထမအကြိမ်မဟုတ်ေတာ့။
ဂျောင်၀န်းနှင့်တွဲပြီး တစ်လအကြာမှာပင် တစ်လတစ်ခါ နှစ်လတစ်ခါ လောက်ပုံမှန်ဖြစ်ကျပင်ဖြစ်သည်။"ယန်းဂျောင်၀န်းပဲလား"
ရီခီကမေးသည် ကြည့်ရတာ မှားပုံလဲမပေါ်ပါဘူး ပတ်ဂျေး ဒီလိုငိုင်တိုင်တိုင်နဲ့ မျက်လုံးတွေနီရဲနေပြီဆို ယန်းဂျောင်၀န်းကြောင့်ကလွဲပြီး ဘာထပ်ရှိနိုင်အုံးမှာလဲ
YOU ARE READING
02ᴢ ᴀɴᴅ ᴛʜᴇɪʀ ʙᴏʏꜰʀɪᴇɴᴅꜱ
أدب الهواةစောက်ကျိုးနည်း အကိုသုံးယောက်ရှိပါတယ် အားကိုးရမလားမှတ်တယ် သူတို့ဘဲတွေကိုကြောက်နေတာနဲ့ပဲ ကိုယ်ကပြန်ပြန်ကူနေရတယ်