"ကိုလတ်ရေ ကိုလတ် "
"ဘာပြောဖို့လဲ ရီခီ မင်းကိုလတ်က ကိုကိုနဲ့dateမယ်ဆိုပြီး ထွက်သွားတယ်ရော်"
"ဟင် အကိုဟီးဆွန်းနဲ့လား!!!"
"ဟုတ်တယ်လေ သူကိုကိုလို့ခေါ်တာ ဘယ်သူရှိလို့တုန်း"
"မှားနေပြီထင်တယ် အကိုဟီးဆွန်းက ဒီနေ့ ကျွန်တော်တို့မေဂျာကလုပ်တဲ့ စီနီယာတွေက activity တွေကိုဘယ်လိုပါ၀င်ရကြောင်း ရှင်းပြတဲ့eventမှာပါတယ်လေ အဲ့ဒါကလေ မနက်အစောကြီးကတည်းက အခုညနေစောင်း ကျွန်တော်တို့ပြန်တာတောင် စီနီယာတို့က မပြန်ရသေးဘူး သိမ်းရဆည်းရအုံးမှာ...."
"ဟင် တစ်ခုခုတော့မှားနေပြီထင်တယ် မင်းကိုလတ်ကိုဖုန်းဆက်ပါအုံး"
"ဟာဗျာ... အကိုတို့က လုပ်လိုက်ရင် တလွဲတွေချည်းပဲ "
"ကိုလတ် ဖုန်းမကိုင်ဘူး"
"ဘာလို့ဖုန်းဆက်နေတာလဲ အကိုဟီးဆွန်းနဲ့သွားတွေ့တာမလား"
"ဂျေးအီ တိတ်တိတ်နေစမ်းပါ ဒီနေ့အကိုက မအားဘူးတဲ့ မေဂျာမှာ eventရှိလို့တဲ့ တစ်နေ့လုံးမအားတာကို သူကဘယ်သူ့သွားတွေ့မှန်းမသိလို့ ဖုန်းခေါ်နေတာ"
နားစွန်နားဖျားသာကြားတဲ့ ကိုကြီးက ဘာမှမသိပဲ ၀င်ပြောလာတာကြောင့် ကိုငယ်ပြောလိုက်မှ တိတ်သွားသည်။
"အကိုဟီးဆွန်း ဖုန်းနံပါတ် အကိုတို့မှာ ရှိတယ်မလား ခေါ်ကြည့်ပါလား"
"ကိုကြီးခေါ်လိုက်မယ် ငယ်လေး"
"အကို ဂျိတ်ဘယ်သွားလဲသိလားဟင်"
"အကိုမသိဘူးလေ အကိုက ဒီနေ့ကျောင်းမှာအလုပ်ရှိလို့ "
"ဟင် အကို့ကိုတွေ့မယ်ဆိုပြီး မနက်ကတည်းက ရေမွှေးတွေစွတ်ပြီး ထွက်သွားတာဗျ"
ဖုန်းထဲကနေတောင် အကိုဟီဆွန်းရဲ့ သက်ပြင်းချသံသဲ့သဲ့ကို ကြားနေရပေသည်။
"အဲ့ဒီအဆိုးလေး ရက်မှားပြန်ပြီထင်ပါတယ် အကိုက အခုလဲ မအားသေးတာမို့ နောက်မှ စကားပြောလိုက်ပါ့မယ် အကို့ကိုခေါ်နေပြီမို့သွားအုံးမယ်နော် သူခဏနေ ပြန်လာမှာပါ စိတ်မပူကြနဲ့"
YOU ARE READING
02ᴢ ᴀɴᴅ ᴛʜᴇɪʀ ʙᴏʏꜰʀɪᴇɴᴅꜱ
Fanfictionစောက်ကျိုးနည်း အကိုသုံးယောက်ရှိပါတယ် အားကိုးရမလားမှတ်တယ် သူတို့ဘဲတွေကိုကြောက်နေတာနဲ့ပဲ ကိုယ်ကပြန်ပြန်ကူနေရတယ်