"ကိုကြီးရေ ကိုကြီး ဒီမှာ ကိုငယ် မူးလာလို့ လာခေါ်ပါအုံး ကျွန်တော်တစ်ယောက်တည်းမနိုင်ဘူးဗျ"
အငယ်လေးအော်သံကြားလို့ အလုပ်လုပ်ရင်းကမှ အောက်သို့ သွက်သွက် ပြေးဆင်းရသည်။
"ရီခီ ဘယ်မှာလဲ ဆောင်းဟွန်း"
"တံခါး၀မှာ ကိုကြီး "
"လာ လာ ကိုကြီးနဲ့တူတူသယ်ရအောင်"
တံခါးဝမှာပုံနေတဲ့ ဆောင်းဟွန်းကိုဆွဲထူကာ ဆိုဖာပေါ်ပစ်တင်လိုက်သည်။
ညစာစားပွဲကြောင့်သောက်လာခြင်း ဘယ်လိုမှမဖြစ်နိုင်ပေ။
ဆောင်းဟွန်းက အလုပ်သဘောအဖြစ်သော် မိတ်ဆွေသဘောအဖြစ်သော် သောက်လျှင်တောင် တစ်ခွက်ထက်မပိုတတ်သောကြောင့်ပင်။"အဟင့် ဟင့်..."
ညည်းသံကြောင့် ခါးထောက်ကာရပ်နေရင်း ဆိုဖာပေါ်ကသူအား ငုံ့ကြည့်မိတော့.....
"ဘုရားရေ ပတ်ဆောင်းဟွန်း ငိုနေတယ်"
"ဗျာ...."
ဘေးက အငယ်လေးပင် လန့်သွားပုံရသည်။
"ကျွန်တော် ရေသွားခပ်လိုက်အုံးမယ် ကိုကြီး"
ခေါင်းညိတ်ပြကာ အငယ်လေးအား စောင့်နေလိုက်သည်။
အငယ်လေးယူလာတဲ့ ခွက်အား ကိုင်ကာ ဆောင်းဟွန်းကိုမ၍ ထိုင်စေလိုက်သည်။
"ဆောင်းဟွန်း ပတ်ဆောင်းဟွန်း သတိလေးထားပါအုံး"
"အဟင့် ဂျေးအီလား ဂျေးအီ ငါ့ကိုထိုးစမ်းပါကွာ ပြီးရင် သတ်လိုက်ပါတော့ အီးဟီး.... အီး...."
ဆက်တိုက်ငိုပြီးပေါက်ကရတွေပြောနေတာကြောင့်စိတ်ကမရှည်တော့။
"စောက်ချီးတဲ့မှ ဟေ့ကောင် ဘာဖြစ်လာတာလဲ ရေသောက် ပြီးရင်ပြော မင်းရည်းစား မင်းပစ်သွားသလို ငိုမနေနဲ့"
ကမ်းပေးတဲ့ရေကိုသောက်ကာ ဆိုဖာရှေ့ရှိ စားပွဲ၌ ချလိုက်သည်။
ပြီးနောက် လူကိုစိုက်ကြည့်ကာ အာပြဲကြီးနဲ့အော်ငိုပြီး....
"ဟုတ်တယ် ငါ့ရည်းစား ငါ့ပစ်သွားတာ အီးဟီး... ငါ့ရည်းစား ငါ့ပစ်သွားတာလို့ ပတ်ဂျေးအီရ"
YOU ARE READING
02ᴢ ᴀɴᴅ ᴛʜᴇɪʀ ʙᴏʏꜰʀɪᴇɴᴅꜱ
Fanficစောက်ကျိုးနည်း အကိုသုံးယောက်ရှိပါတယ် အားကိုးရမလားမှတ်တယ် သူတို့ဘဲတွေကိုကြောက်နေတာနဲ့ပဲ ကိုယ်ကပြန်ပြန်ကူနေရတယ်