Uni
/"ဆရာလေးကဒီမှာအကြာကြီးနေမှာလားဟင်"
"အင်း အကြာကြီးနေမှာပေါ့"
"ဆရာလေး ဒီမှာအားလီကလာစနေတယ်"
"အားလီကမစရဘူးလေ"
"ရှောင်းကျန့်ဆိုတာဘာကိုပြောတာလဲဟင် ဆရာလေး"
"ရှောင်းကျန့်ဆိုတာရှောင်းကျန့်ပဲလေ
ဆရာလေးကရှောင်းကျန့်"ပွက်ပွက်ညံနေတဲ့ကလေးအုပ်စုကြားမှာရှောင်းကျန့်က ကလေးဗိုလ်ဖြစ်နေတယ်။ တစ်ယောက်တစ်ပေါက်နဲ့ပေါက်ကရမေးသမျှမေးခွန်းတွေကိုပြန်ဖြေနေရတာနဲ့ရှောင်းကျန့်ခမျာအားတောင်မအားဘူး။ ကလေးတွေကပထမဆုံးအနေနဲ့ရှောင်းကျန့်ကိုတွေ့ဖူးကြတာမို့ပြောစရာ၊မေးစရာတွေကရေပက်မဝင်အောင်ကိုရှိနေကြပုံပါပဲ။ စာသင်ခန်းထဲမှာရှောင်းကျန့်ရယ်၊ ကလေးအယောက်နှစ်ဆယ်လောက်ရယ်ဆူညံနေတယ်။
"ကဲ!!! စာသင်ရအောင် စာသင်မယ်"
မေးသမျှမေးခွန်းတွေပြန်ဖြေနေရင်းကနေ ထပြောလိုက်တော့ကလေးတွေကစာအုပ်ကိုယ်စီထုတ်ကြတယ်။ ဗလာစာအုပ်ခပ်နွမ်းနွမ်းကလေးတွေကိုကြည့်ရင်း ရှောင်းကျန့်သက်ပြင်းမောချမိတယ်။ တကယ်စိတ်မကောင်းဘူး။
"ယွဲ့လီ ဒီကို"
"ယွဲ့လီမဟုတ်ပါဘူး ဆရာလေးကလည်း
ယွဲ့လွီပါ"နာမည်တွေကိုမနက်ခင်းအစကမိတ်ဆက်ထားပေမယ့်နာမည်မှားခေါ်တဲ့အခါရှောင်းကျန့်ကိုကလေးတွေကဝင်ထောက်တယ်။
"ဟုတ်ပါပြီ ဆရာမှားတာပါ
ယွဲ့လွီ ဒါလေးဖတ်ပြပါဦး"စာသင်ကျောင်းဆိုတာကိုသင်ပုန်းပေါ်မှာခပ်ကြီးကြီးရေးပြလိုက်ပြီး ယွဲ့လွီဆိုတဲ့ကလေးကိုဖတ်ခိုင်းတော့ ယွဲ့လွီကအတန်းထဲကနေဟန်ပါပါနဲ့မတ်တပ်ရပ်လာတယ်။ ကျန်တဲ့ကလေးတွေကလည်းယွဲ့လွီကိုသူရဲကောင်းကြီးလိုတမေ့တမောကြည့်နေကြတယ်။
"စာသင်ကျုံး"
ပြူးနေအောင်ရေးထားတဲ့စာကိုအသံခပ်မြင့်မြင့်နဲ့ဖတ်လိုက်တဲ့အခါထွက်လာတဲ့အသံထွက်ကြောင့် ရှောင်းကျန့်မှာရယ်ရမှာလိုလို၊ဒေါသထွက်ရမှာလိုလို။ အောက်ကမော့ကြည့်နေတဲ့ကလေးတွေကလည်းမှားမှန်းသိကြပုံမပေါ်။ ဘယ်ကစာသင်ကျုံးရမှာလဲ။ စာသင်ကျောင်းလို့ရေးထားတာပါ။
YOU ARE READING
Light Of The 'YuLong' [Complete]
Fanfiction//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ္ငယ္ငယ္ကေလး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// BJYX Fanfiction Wang Yibo × Xiao Zhan