Uni
/တဖျစ်ဖျစ်မြည်နေတဲ့မီးဖိုလေးလည်းငြိမ်းသွားသလို နည်းနည်းပါးပါးကျနေတဲ့နှင်းတွေလည်းစဲသွားတယ်။ မနက်ခင်းအလင်းရောင်နဲ့အတူ ပြန်ရတော့မယ်ဆိုတာတွေးမိတဲ့အခိုက် ရှောင်းကျန့်စိတ်ထဲနောက်ကျိသွားပုံများ။ မနေ့ညကမီးဖိုနားမှာအတူထိုင်ရင်း တစ်ယောက်ရင်ငွေ့တစ်ယောက်ခိုလှုံခဲ့တာတွေလည်းပြီးဆုံးသွားခဲ့ပြီ။ အချိန်တွေကသိပ်ကိုမြန်လွန်းပါတယ်။
"ဆရာလေး သားတို့တောင်အောက်ကိုဆင်းတော့မယ် ပြီးရင်ပြန်လာခဲ့မယ်"
မနက်မိုးလင်းတော့ ကလေးတွေကစောင်ထုတ်ကလေးတွေကိုယ်စီပိုက်ပြီးတောင်အောက်ကိုပြန်သွားကြတယ်။ မနေ့ညကဝမ်ရိပေါ်လည်းကလေးတွေနဲ့အတူအိပ်တယ်။ ဒါပေမယ့် ရှောင်းကျန့်ကိုတော့ 'ကလေးတွေအအိပ်ကြမ်းရင် ခင်ဗျားအိပ်ရေးပျက်လိမ့်မယ်'ဆိုတဲ့အကြောင်းပြချက်နဲ့ ကုတင်ပေါ်မှာပဲအိပ်ခိုင်းပါတယ်။ ဒီကောင်လေးဟာလေ ရှောင်းကျန့်အတွက်သိပ်တွေးတတ်လွန်းနေတယ်။ ဒီလိုနဲ့ဝေးကြတဲ့အခါ ဂရုတစိုက်ရှိမှုသေးသေးလေးတွေကိုကျိန်းသေလွမ်းရဦးမယ်နဲ့တူပါရဲ့။
"ဆရာရှောင်းကျန့်"
အဝတ်အစားအိတ်ပြင်ပြီးအပြင်ထွက်လာတော့ ဝမ်ရိပေါ်နဲ့တွေ့တယ်။ ကလေးတွေနဲ့အတူတောင်အောက်ကိုပြန်မသွားဘဲ ဘာလုပ်နေတာလဲလို့မေးဖို့ပြင်ပေမယ့် ရှောင်းကျန့်မမေးမိပါဘူး။
"ကျွန်တော်နောက်တစ်ခေါက်ထပ်မလာတော့ဘူးနော် ကောင်းကောင်းပြန်ပါ"
ရှောင်းကျန့်မျက်နှာကိုကြည့်ရင်း ပြောလာတဲ့စကားကြောင့်ရှောင်းကျန့်မျက်ရည်ဝေ့ချင်သွားတာကြောင့် ခေါင်းကိုအမြန်ငုံ့ချလိုက်ရတယ်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမှ ဝမ်ရိပေါ်ဆီကြည်မိတော့ မျက်ဝန်းတွေကနွမ်းနွမ်းလျလျ။
"ရိပေါ်သဘောပါပဲ ကျွန်တော်ကအဆင်ပြေပါတယ်"
ရှောင်းကျန့်ပြောတော့ ဝမ်ရိပေါ်ကခေါင်းညိမ့်တယ်။ တောင်တန်းတွေကစိမ်းလို့ညှို့လို့။ ရှောင်းကျန့်ရင်ထဲမှာလည်းမှိုင်းလို့အုံ့လို့ပါပဲ။ တောပန်းကလေးတွေခြောက်သွားသလို ရှောင်းကျန့်နဲ့ဝမ်ယွဲ့လုံတိုင်းရင်းသားလေးရဲ့အမှတ်တရတွေလည်းခြောက်သွေ့ဟောင်းနွမ်းသွားဦးမယ်နဲ့တူပါတယ်။
![](https://img.wattpad.com/cover/323127577-288-k511138.jpg)
YOU ARE READING
Light Of The 'YuLong' [Complete]
Fiksi Penggemar//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ္ငယ္ငယ္ကေလး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// BJYX Fanfiction Wang Yibo × Xiao Zhan