Uni
/"မနှင်းဆီ မနှင်းဆီ
ပြုံးပြုံးကလေးနေတတ်သည်
မနှင်းဆီဘာတွေရေး
ကကြီး၊ခကွေးရေး
လက်ရေးလေးကဝိုင်းလို့ညီ
ပန်းကလေးလိုသီ
မနှင်းဆီပါးအို့လေး
ပန်းကလေးလိုမွှေး"ကျောက်သင်ပုန်းမှာရေးထားတဲ့ကဗျာကိုကလေးတွေကသံပြိုင်လိုက်ဆိုကြတယ်။ သင်ရိုးညွှန်းတမ်းအရကဗျာတစ်ပုဒ်စ၊နှစ်ပုဒ်စပါတာမို့ ရှောင်းကျန့်ကဗျာသင်နေရတယ်။
"ဆရာလေး မနှင်းဆီဆိုတော့ပန်းကလေးပေါ့နော်"
ရှေ့မှာရေးပြထားတဲ့ကဗျာကိုဖတ်ပြပြီးကူးခိုင်းထားတုန်း ဟွားဟွားကထမေးလာတာမို့ ရှောင်းကျန့်ခေါင်းညိမ့်ပြလိုက်တယ်။
"ဟုတ်တယ်လေ ဟွားဟွားရဲ့"
ရှောင်းကျန့်ကပြောတော့ ဟွားဟွားကသဘောပေါက်သလိုတဟီးဟီးရယ်တယ်။
"ဒါဆိုသမီးနဲ့တူတာပေါ့နော် ဆရာလေး"
ဟွားဟွား(ပန်းပန်း)ဆိုတဲ့နာမည်အရ မနှင်းဆီကသူနဲ့တူတယ်ဆိုတယ်ဆိုပြီး ဟွားဟွားကသဘောတကျပြောနေတာမို့ရှောင်းကျန့်ပြုံးလိုက်တယ်။
"အင်း ဟုတ်တယ် ဒီကဗျာကဟွားဟွားအတွက်"
ရှောင်းကျန့်အပြောကြောင့် ဟွားဟွားကကျေနပ်သလိုပြုံးပြီးစာငုံ့ရေးနေတော့တယ်။ ကလေးတွေကငြိမ်ငြိမ်သက်သက်စာရေးနေကြတာမို့ ရှောင်းကျန့်လည်း ဆရာကိုင်ကျောင်းသုံးစာအုပ်ကိုထိုင်ဖတ်နေလိုက်တယ်။
"ဆရာလေးရှောင်းကျန့် နေ့လည်စာ"
အသံလာရာဆီကြည့်မိတော့ စာသင်ခန်းဝမှာတိုင်းရင်းသားငဂျစ်ဝမ်ရိပေါ်။ လက်ထဲကစာအုပ်ကိုချပြီးအနားသွားတော့ ထမင်းချိုင့်ကိုလက်ထဲထည့်ပေးလာတယ်။
"ရိပေါ်ရောစားပြီးပြီလား"
ထမင်းချိုင့်လေးကိုနီးရာစာရေးခုံပေါ်တင်ထားခဲ့ပြီး စာသင်ခန်းအပြင်ကိုလျှောက်လာရင်းရှောင်းကျန့်မေးတဲ့အခါရိပေါ်ကချက်ချင်းခေါင်းယမ်းတယ်။
"ကျွန်တော်မစားရသေးဘူး ဆရာလေးဗိုက်ဆာနေမှာစိုးလို့အရင်လာတာ"
![](https://img.wattpad.com/cover/323127577-288-k511138.jpg)
YOU ARE READING
Light Of The 'YuLong' [Complete]
Fanfiction//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ္ငယ္ငယ္ကေလး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// BJYX Fanfiction Wang Yibo × Xiao Zhan