-14-

2.4K 226 3
                                    

Uni
/

တဖြည်းဖြည်းပြန်အဆင်ပြေလာတဲ့ရှောင်းကျန့်ရဲ့ကျန်းမာရေးနဲ့အတူ ကျောင်းဖွင့်ဖို့ကိုတောင်းဆိုတော့ အကြီးအကဲလုံအာနဲ့ရိပေါ်ကခွင့်ပြုကြတယ်။ သူတို့ကိုယ်တိုင်လည်း ကလေးတွေကျောင်းတက်ချင်နေတာတွေ၊ရွာသူရွာသားတွေကကျောင်းဖွင့်စေချင်နေတာတွေကိုသိကြပါတယ်။ ပြီးတော့ရှောင်းကျန့်ကလည်းလူကောင်းပကတိဖြစ်နေပြီးသား။ စာသင်ဖို့လည်းအဆင်ပြေတဲ့အပြင် ကျန်တဲ့နှစ်လတာကာလမှာသင်နိုင်သမျှပညာတွေကိုမချွင်းမချန်သင်ပေးခဲ့ချင်တာ ရှောင်းကျန့်ရဲ့စိတ်ရင်းဆန္ဒပါပဲ။

"တောင်ပေါ်ရောက်ရင်နွေးနွေးထွေးထွေးနေ ကျွန်တော့်ကိုစိတ်ပူရအောင်မလုပ်နဲ့"

တောင်ပေါ်မှာပြန်နေတော့မှာမို့ ရှောင်းကျန့်ရဲ့အဝတ်အိတ်ထဲကိုအဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေပြန်ထည့်ပေးနေရင်း ဝမ်ရိပေါ်ကပြောတယ်။ မလုပ်ပေးလည်းရ​ကြောင်း၊ ကိုယ်တိုင်လုပ်နိုင်ကြောင်းပြောတော့လည်းမရ။ ဝမ်ရိပေါ်က ရှောင်းကျန့်ကိုဝါဂွမ်းလေးတစ်စပွေ့ပိုက်ထားသလိုကိုဂရုစိုက်ယုယနေတတ်တာပါပဲ။ တစ်ခါတစ်လေမနေနိုင်တော့လို့ ဘာလို့အဲ့လိုတွေလုပ်နေရတာလဲလို့မေးမိတဲ့အခါ 'အနားမှာရှိနေတုန်းမို့ဂရုစိုက်ပေးချင်လို့'တဲ့။ စကားလုံးတိုတိုလေးပေမယ့်အဲ့ဒီစကားကိုကြားရတိုင်း ရှောင်းကျန့်သက်ပြင်းမောတွေချရတယ်။ သူတို့တကယ်ကြီးဝေးကြရဦးမှာပဲ။

"ရိပေါ်ရော ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ"

ရှောင်းကျန့်ပြောတော့ အဝတ်အိတ်ရဲ့ဇစ်ကိုဆွဲပိတ်နေရင်း ဝမ်ရိပေါ်ကခေါင်းညိမ့်တယ်။

"ခင်ဗျားချင်းလုံမှာရှိနေသရွေ့ ကျွန်တော့်ကိုယ်ရော၊စိတ်ပါအထိအခိုက်ကင်းစေရပါ့မယ်"

ပုံမှန်လေသံလေးနဲ့ပြောလာတဲ့ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်မျက်ရည်တွေဝေ့ခနဲ။ ဒါပေမယ့်အကြီးအကဲရဲ့အိမ်မှာတော့ ရှောင်းကျန့်မငိုပါဘူး။ ဒီဝမ်ယွဲ့လုံတိုင်းရင်းသားဟာလေ လူကိုစိတ်မကောင်းဖြစ်အောင်သိပ်လုပ်တတ်တယ်။ ငိုချင်လာအောင်လုပ်ပဲလုပ်တတ်နိုင်လွန်းပါတယ်။

Light Of The 'YuLong' [Complete]Where stories live. Discover now