ချန်ယောလ် မိဘတွေအိမ်မှာ နှစ်ညလောက် အိပ်ပြီး ပြန်လာခဲ့သည်။ မိဘတွေနဲ့ရှိနေသည့်တစ်လျောက်လုံး ဂျောင်ဆူးကို ဖုန်းဆက်ကြည့်ပေမဲ့ ဂျောင်ဆူးက သူ့ဖုန်းကို blacklist ထဲ ထည့်ထားခဲ့သည်။ တခြားဖုန်းနဲ့ခေါ်လျှင်လည်း နံပါတ်စိမ်းမို့ မကိုင်။ နှစ်ညအိပ် သုံးရက်ဆိုသည့် နာရီပေါင်း ၇၀ နီးပါးသည် သူ့အတွက် ဘာအဓိပ္ပါယ်မှမရှိသလို ရှင်သန်နေရသည်။ ဒိုဂျောင်ဆူးက အချိန်တိုလေးအတွင်းမှာ သူ့အတွက် အရေးအပါဆုံးဖြစ်မှန်းမသိဖြစ်နေခဲ့တာပဲ။
တော်တော်လေး စွဲလန်းနေသည် ဆိုရာကနေ မရှိရင် မဖြစ်တော့ လောက်အောင်အထိ။
အချစ် မင်းက ကိုယ့်အတွက် အဲ့ဒီလောက်ကို အရေးပါတယ်။ချန်ယောလ် အိမ်ပြန်ရောက်လာပြီး နှစ်ရက်လောက် ထပ်ကြာသွားသည်အထိ သူ့အချစ်က အရိပ်အယောင်ပင်ပေါ်မလာ။ နေမထိ ထိုင်မသာဖြစ်နေရတဲ့ ချန်ယောလ်က တစ်ဦးတည်းသော တိုင်ပင်ဖော် ဂျုံဒယ်ကို ဖုန်းဆက်ပြီး တွေ့ဖို့ ချိန်းရသည်။ အပြင်လည်းထွက်ချင်စိတ်မရှိသောကြောင့် ဂျုံဒယ်က စားစရာများဝယ်ပြီး သူ့အိမ်ကိုသာရောက်လာသည်။
"ငါ့ကောင်က အပြင်တောင်မထွက်နိုင်လောက်အောင်ပဲလား"
ဂျုံဒယ်ရဲ့ အမေးကို ချန်ယောလ်မှာ ပြန်ဖြေဖို့အားပင်မရှိ။ ဂျောင်ဆူးနဲ့အဆက်အသွယ်မရခြင်းက သူ့အတွက် အရာရာ ထိခိုက်ပျက်စီးသွားသလိုခံစားရသည်။ ချန်ယောလ်ဘဝထဲဝင်လာပြီး ချန်ယောလ် ပိုင်ဆိုင်သမျှရပ်ဝန်းထဲမှာ နေရာယူထားသည့် ကောင်လေးအကြောင်းကို ချန်ယောလ်က နာမည်လေးကလွဲလို့ ဘာမှမသိခဲ့ရ။ ဂျောင်ဆူးဘယ်မှာနေလဲ၊ မိဘအသိုင်းအဝိုင်းကဘယ်လိုရှိသလဲဆိုတာတွေ သူဘာဆိုဘာမှမသိ။ ဒိုဂျောင်ဆူးမျက်နှာမြင်ရရင်ကျေနပ်နေပြီး ဒိုဂျောင်ဆူး ပျောက်သွားရင် အလွမ်းနှင့်အသားကျနေသူသည် ဂျောင်ဆူးအကြောင်း စုံစမ်းဖို့ စိတ်ကူး သေးသေးလေးပင်မရှိခဲ့။
ဒါက ဂျောင်ဆူး သူ့နားမှာ အမြဲရှိနိုင်မယ်ဆိုသည့် ယုံကြည်မှုကြောင့်လား၊ တစ်ချိန်ကျ ဝေးကွာသွားနိုင်တယ်ဆိုသည့် မသေချာမှုကြောင့်လား။
DU LIEST GERADE
G A M E ♟️
Fanfictionအရှုံးပေးလိုက်တယ်ဆိုတာ အနိုင်ယူဖို့ နောက်တစ်လှမ်းဆုတ်လိုက်တဲ့သဘောပဲ ♟️ Park Chanyeol X Doh Kyungsoo Unicode + Zawgyi ✨