သောကြာနေ့ ညဦးပိုင်း...
ချန်ယောလ် တိုက်ခန်းမှာ တီဗီဖွင့်ထားပြီး ဘီယာတစ်ဗူးနှင့် ညဦးပိုင်းကို အေးအေးဆေးဆေးဖြတ်သန်းနေသည်။ တစ်ယောက်တည်း ပြောင်းလဲနေရတဲ့ ခံစားမှုတွေကိုတော့ လျစ်လျူရှုထားလိုက်သည်။ ပထမဆုံးမို့လို့ ပထမဆုံးဖြစ်ခဲ့လို့ ဒီလိုခံစားနေရတာနေမှာပါ။ ရက်တွေကြာလာတဲ့အခါ သူလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့မှာ။
ဘီယာတစ်ဗူးကုန်သွားပြီး နောက်တစ်ဗူးထပ်ယူဖို့ မီးဖိုခန်းထဲဝင်သွားတုန်း အိမ်ရှေ့က တံခါးခေါက်သံကြားသည်။ ချန်ယောလ် တံခါးသွားဖွင့်တော့ တိုက်ခန်းလုံခြုံရေးဖြစ်နေသည်။
"ဦးလေး ဘာဖြစ်လို့လဲ"
"တိုက်လုံခြုံရေးအတွက် Company ကို အပ်ထားတာ သက်တမ်းတိုးဖို့လေ
အဲ့ဒါ အခန်းပိုင်ရှင်တွေ သဘောတူမတူ လိုက်မေးနေတာ
သဘောတူတယ်ဆို လက်မှတ်တစ်ခါတည်း ထိုးပေးလိုက်""ကျွန်တော်ကတော့ သဘောတူပါတယ်"
ချန်ယောလ် လက်မှတ်ထိုးပေးရင်း ဦးလေးကြီးနဲ့ ခဏစကားပြောပြီးနောက် ဦးလေးက တခြားအခန်းတွေဆီ ထွက်သွားသည်။ တံခါးကို သေချာပြန်ပိတ်ပြီးမှ တစ်ခုခုကို သတိရသွားသလိုနဲ့ ချန်ယောလ် အိပ်ခန်းဆီပြေးကြည့်ရသည်။
လွန်ခဲ့တဲ့ သုံးလလောက်ကမှ သူတို့တိုက်ခန်းကို လုံခြုံရေးကုမ္ပဏီတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့ တစ်တိုက်လုံး CCTV တပ်သည်။ တိုက်ခန်းအပြင်ဘက် လျှောက်လမ်းတွေရော၊ ဘေးပတ်ဝန်းကျင်ရောအပြင် အခန်းပိုင်ရှင်တစ်ချို့က အိမ်ခန်းတွေအထိပါတပ်ကြသည်။ ချန်ယောလ် အခန်းတွင်းမှာလည်း CCTV တပ်ထားသည်။ ကုမ္ပဏီက လုံခြုံရေး ဘာညာအတွက် အကြာကြီးရှင်းပြနေသောကြောင့် အားနာပြီး လက်ခံလိုက်တာဖြစ်သည်။
ဒီအချက်ကပဲ သူ့အတွက် အခွင့်အရေးဖြစ်သလို ဒိုဂျောင်ဆူးကို အနိုင်ယူဖို့ လက်နက်တစ်ခု။
♟️
"ငါ့ အိပ်ခန်းထဲက CCTV က 360... ရုပ်ထွက်လည်း တအားကြည်တာ"
"မင်း ဘာလိုချင်တာလဲ"
ဒိုဂျောင်ဆူး မျက်လုံးထဲက မျက်ရည်ကြည်တွေက ခဏချင်း ခမ်းခြောက်သွားပြန်ပြီး ဒေါသကြောင့် သွေးကြောလေးများပင် နီရဲနေသည်။
KAMU SEDANG MEMBACA
G A M E ♟️
Fiksi Penggemarအရှုံးပေးလိုက်တယ်ဆိုတာ အနိုင်ယူဖို့ နောက်တစ်လှမ်းဆုတ်လိုက်တဲ့သဘောပဲ ♟️ Park Chanyeol X Doh Kyungsoo Unicode + Zawgyi ✨