Part 6

364 56 11
                                    

မကျေနပ်ချက်နဲ့ သောက်နေတဲ့ ဘီယာတွေက တစ်ခွက်ပြီးတစ်ခွက် လည်ချောင်းထဲစီးဆင်းသွားသည်။ သူ့ရှေ့မှာထိုင်နေတဲ့ ဂျုံဒယ်ကတော့ လျှာဖျားဆွတ်ရုံလေးသောက်ပြီး သူ့မျက်နှာကို အရိပ်အခြေစောင့်ကြည့်နေသည်။

"အဲ့ဒီတော့ မင်းပြောချင်တာက ယောက်ျားလေးတွေကို စိတ်မဝင်စားဘူး
ဒါပေမဲ့ ဒိုဂျောင်ဆူးဆိုတဲ့သူကိုတော့ စွဲလန်းနေတယ် အဲ့လိုလား"

ချန်ယောလ် ခေါင်းငြိမ့်ပြရင်း ဘီယာခွက်ကိုကိုင်ကာ လက်ကျန်အကုန်မော့လိုက်သည်။ သူခွက်ကို ပြန်ချလိုက်ပြီးတာနဲ့ ဂျုံဒယ်က ခွက်ကိုဆွဲယူပြီး ထပ်ဖြည့်ပေးသည်။

"စိတ်မဝင်စားဘဲ စွဲလန်းသွားတာမျိုးက ဖြစ်တတ်တာပဲ
ဖြစ်တည်မှုကို စွဲလန်းတာမျိုးလေ...
ဒိုဂျောင်ဆူးက ယောက်ျားမို့လို့ မိန်းမမို့လို့မဟုတ်ဘဲ ဒီတိုင်း သူဆိုတဲ့ဖြစ်တည်မှုကို စွဲလန်းတာ"

"အဲ့ဒါကြောင့် ငါ့ကိုယ်ငါ ပိုပြီးစိတ်ပျက်တယ်"

"ပွင့်လင်းလိုက်ရင် ပြီးနေတာကို
မင်းသာ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင်..."

"မရဘူး ဂျုံဒယ်...
ဒိုဂျောင်ဆူးက မင်းပြောသလောက် မရိုးစင်းဘူး
ငါပြောသမျှ တစ်ခွန်းတည်းနဲ့လက်ခံရအောင်လည်း နုံအ မနေပြန်ဘူး"

"ဒါပေမဲ့ ဘယ်သူကမှ စိတ်ခံစားချက်ကို မတွန်းလှန်နိုင်ပါဘူး ချန်ယောလ်ရာ"

ဂျုံဒယ်က ချန်ယောလ် ပခုံးကို လှမ်းကိုင်ရင်း အားပေးစကားပြောသည်။ အားပေးစကားတွေက တကယ်ပဲ အရာရောက်ပါ့မလား။ သူ့စိတ်ထဲကအတိုင်း ထုတ်ပြလိုက်ရင် ဒိုဂျောင်ဆူးက တုန့်ပြန်လာပါ့မလား။ ဟင့်အင်း။ လုံးဝမဖြစ်နိုင်တာ။ သူပဲ အလှောင်ခံရဦးမှာ။

"ပြန်တော့မယ်"

ဂျုံဒယ် ဆီက စကားပြန်လာတာကို မစောင့်တော့ဘဲ ချန်ယောလ် ဆိုင်ထဲကနေ ထွက်လာခဲ့သည်။ တိုက်ခန်းအောက်ကိုရောက်တော့ လုံခြုံရေးဦးလေးက သူ့ကို နှုတ်ဆက်သည်။

"ဒီနေ့ မင်း သူငယ်ချင်းကောင်လေး မတွေ့ပါလား"

"ဗျာ..သူငယ်ချင်း..ဪ ဟိုတစ်ယောက်...သူဒီနေ့မအားလို့"

G A M E ♟️Tahanan ng mga kuwento. Tumuklas ngayon