Part 15

350 59 5
                                    

ပါးပြင်ပေါ် ကျရောက်လာသည့် ခပ်ဆတ်ဆတ်ရိုက်ချက်။ ကျွန်တော့် မျက်နှာထက် နှလုံးသားပေါ်က နာကျင်မှုပိုရသည်။ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ထားခြင်းမရှိဘဲ သူ့အလိုလိုပေါက်ပွားလာသည့် ချစ်ခြင်းမေတ္တာက အဖေ့ကို အရှက်ရစေဖို့ မရည်ရွယ်ခဲ့ပါ။ ကျွန်တော် ကျောင်းဆက်မတက်ဘဲ အိမ်ပြန်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဖေဖေက စုံစမ်းသည်။ ထို့နောက် အကြောင်းစုံသိသွားသည်။

အစ်ကိုယူဂျွန်းလည်း ကျွန်တော့်ကြောင့် တော်တော်အဆူခံရသည်။ အစ်ကိုက မထိန်းလို့ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ကို သဘောကျသွားတာလို့ ဖေဖေက ထင်နေသည်။ တကယ်တော့ အစ်ကို ဘာမှမသိခင်ကတည်းက ကျွန်တော်က ပတ်ချန်ယောလ်ဆိုသည့်လူသားဆီမှာ နစ်ဝင်နေခဲ့ပြီဖြစ်သည်။ ဝမ်းနည်းစရာကောင်းတာတစ်ခုက ထိုလူသားသည် ကျွန်တော့်လို ယောက်ျားချင်း ချစ်ကြိုက်သူကို ရွံမုန်းတတ်သူဖြစ်သည်။

"ယောက်ျားတစ်ယောက်က မင်းကို စိတ်ဝင်စားလာမယ် ထင်လို့လား ဂျောင်ဆူး
ယောက်ျားတစ်ယောက်ကြောင့် ပြိုလဲနေတာ မင်းမရှက်ဘူးလား
သတိထားဦး မင်းလည်း သူလို ကိုယ်လို ယောက်ျားလေးပဲလေ"

"ကျွန်တော် သိတယ် ဖေဖေ...ဒါပေမဲ့ ကျွန်တော် ချန်ယောလ်ကို ချစ်တယ်"

"သူမင်းကို စိတ်ဝင်စားလာမှာမဟုတ်ဘူး
အဲ့ဒါကြောင့် မင်းသူ့ကိုရှောင်နေစရာလည်း မလိုဘူး
တက်နေကျ ကျောင်းကို ဆက်တက် ဂျောင်ဆူး အရူးလို မဟုတ်တာတွေမလုပ်နဲ့
တစ်ခဏတာ စိတ်ကစားမှုက အသက်ကြီးလာတဲ့အခါ ရယ်စရာဖြစ်သွားမှာ

ရယ်စရာအနေနဲ့မဟုတ်ဘဲ ရှက်စရာဖြစ်ရပ်တစ်ခုအနေနဲ့ အဆုံးမသတ်သွားချင်ရင် မင်းခံစားချက်တွေကို အခုထိန်းထားလိုက်
ယောက်ျားတစ်ယောက်က မင်းကို ချစ်မလာဘူး"

"ကျွန်တော်က ချစ်အောင်လုပ်နိုင်ရင်ရော ဖေဖေ"

ဖေဖေက ကျွန်တော့်ကို နားမလည်သလို ကြည့်သည်။ ကျွန်တော့် စိတ်ကို ဖေဖေမသိဘူး။ ဖေဖေ့စကားအမြဲနားထောင်တဲ့ သားအလိမ္မာလေးက လိုချင်တာရှိပြီဆို ရအောင်ယူချင်တာ ဖေဖေသတိမထားမိဘူး။ အရင်က လိုချင်ခဲ့သည်များက ဂိမ်းစက်၊ ခေတ်ပေါ် အသုံးအဆောင်၊ အဝတ်အစားများသာဖြစ်သောကြောင့် အထွေအထူးတော့ ကြိုးစားလုပ်ယူစရာမလိုဘဲ ရခဲ့သည်ချည်းသာ။

G A M E ♟️Wo Geschichten leben. Entdecke jetzt