အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း

3.3K 45 9
                                    

[Unicode]

ငါ ငါ့အခန်းဖော် ချန်းကဲ ကို ကြိုက်‌နေတယ်။
ဒါပေမယ့် သူ သဘောကျတာက ဘေးအတန်းက ကျွန်တော်ငယ်သူငယ်ချင်း ကျိယု တဲ့။ မင်း သဘောကျတဲ့ သူက မင်းလိုပဲ ဂေး နေပေမယ့် သူကြိုက်တာ မင်းမဟုတ်ဘူး ဆိုတာက မင်းကို တကယ် စိတ်‌ဓာတ်ကျစေလိမ့်မယ်။ မင်းချစ်တဲ့ သူက မင်းကို ပြန်မကြိုက်ရင်တောင် သူ့ရဲ့ ဆန္ဒကို ‌ဖြည့်ဆည်းပေးလိုက် ဆိုတဲ့ အတွေးက အဲ့အချိန်က ငါ့ ရဲ့ ရူးကြောင်ကြောင်နိုင်တဲ့ ဆုံးဖြတ်ချက်ပဲ။

အရင်ဆုံး ငါ ကျိယုရှိတဲ့ နေရာမှာပဲ ရစ်သီရစ်သီလုပ်တယ်။ တစ်နေ့ ၂၄ နာရီလုံး ရရင် ရသလို သူနဲ့ မတော်တဆ တွေ့သလိုလို၊ ဘာလိုလို လုပ်တယ်။

သူ့အကြိုက်တွေ၊ ဝါသနာတွေကို စုံစမ်းပြီး စာအုပ်ထဲ မှတ်တယ်။ ပြီးတော့ ချန်ကဲကို ပေးလိုက်တယ်။ အဲ့ဒါနဲ့ပဲ ကျေနပ်နေရတာ။ နေ့တိုင်း သူတို့နှစ်ယောက် ဖုန်းပြောနေတာကို ကြည့်ပြီး စတောင်မစလိုက်ရဘဲ အဆုံးသတ်သွားတဲ့ ငါ့ရဲ့ ပထမဦးဆုံး အချစ်ရေးလေးအတွက် နှလုံးသားထဲက မျက်ရည်တွေ ခိုးသုတ်နေရတယ်။

ချန်ကဲက ပြောတယ်။ ငါက ကျိယုနဲ့ ရင်းနှီးတော့ ချန်ကဲဆီ ပို့မယ့်ဟာတွေ ငါနဲ့ပဲ ပေးလိုက်မယ်တဲ့။ သူလုပ်ထားတဲ့ ချိုချဉ်တို့၊ နံရိုးပေါင်းတို့၊ သူကိုယ်တိုင် ထိုးထားတဲ့ ဆွယ်တာ ဘာညာပေါ့....။

အကုန်လုံး သွားပို့ပေးပေမယ့် တစ်နေ့ကျတော့ ကျိယုက သူ့ကို ငြင်းလိုက်တယ်လို့ ချန်ကဲက ငါ့ကို လာပြောတယ်။ ကျိယုက သူကြိုက်နေတဲ့ သူ ရှိပြီးသားလို့ ပြောတယ်တဲ့။ အဲ့စကားက ငါ့ကို တကယ် ဒေါသ ထွက်စေတယ်။
လခွမ်း ဒီကောင် မကြိုက်ရင်လဲ အစကထဲက မပြောဘူး။ မင်းမှာ ကြိုက်နေတဲ့ သူရှိတယ်ဆိုရင် ငါ့အတွက် အခွင့်အရေး ရှိသေးတယ်လေ။ ငါ နတ်ဘုရားက သူ ကစားချင်သလို ကစားလို့ရတဲ့ အရာမှ မဟုတ်တာ။

အဲ့ကထဲ ငါ ကျိယု နောက်ကို လိုက်တာ ရပ်ပြီး သူကို လိုက်နှောင့်ယှက်တယ်။

ချစ်သူများ‌နေ့မှာ ကျိယုအတွက် အတန်းထဲက ပန်းအလှလေး လုပ်ထားတဲ့ ချောကလက်ကို စားတယ်။ အရသာက ကောင်းပေမယ့် နဲနဲတော့ ခါးတယ်။ ဘေးအတန်းက မော်နီတာ ပေးတဲ့ ကျိယုအတွက် ရည်းစားစားကို ဖွင့်ဖတ်တယ်။ ရေးထားတာတွေက တကယ် အော်ဂလီဆန်စရာပဲ။ ရှက်တတ်တဲ့ ကောင်မလေးတစ်ယောက်က ဒီလိုစာတွေ ရေးတတ်မယ် မထင်ထားဘူး။ ဖတ်ပြီးတော့ ဖြဲပြီး အမှိုက်ပုံးထဲ ပစ်လိုက်တယ်။

One Shot အစုံသုပ်Where stories live. Discover now