မင်းရဲ့ အယောင်ဆောင်ချစ်သူ

984 10 0
                                    

[Unicode]ဒီအချစ်ကို ဆက် ရှင်သန်စေဖို့ နည်းတစ်ခုခုသာ ရှိခဲ့ရင်၊ ငါရအောင် ရှာဖွေပြီး မင်းနဲ့ မျှဝေမယ်။

...
မင်းက မသေချာဘဲ ပြောတယ်
"ငါတို့ ချက်ချင်း ဆုံးဖြတ်လို့ မရဘူး"လို့
တစ်ခုခု မလုပ်ခင် မင်းက ဘယ်တော့မှ သေချာ မတွေးဘူး။
ငါက ငါ့ရဲ့ အခိုင်မာဆုံး စိတ်ကူးတွေကို ပြေယခဲ့တာတောင်....။
ငါလဲ အခက်ခဲဆုံးအချိန်တွေ ရှိတာပေါ့။

...
အဖြေမှန်ကို ရှာဖို့ ငါ မအားဘူး။
ငါ့ကိုယ်ငါ အစိုးရိမ်လွန်းပြီး အလုပ်များနေမိတယ်။
ပိုပြီးလွယ်ကူတဲ့ အဖြေတော့ ရှိမှာပေါ့။
ငါအခုတွေးနေတဲ့ စကားလုံးတွေက...
"မင်းရဲ့ အတွေးတွေကို ထုတ်ပြောလိုက်ရင် မင်းပိုပြီး သက်သာသွားမှာ"
ငါက မင်းရဲ့ ချစ်သူယောင် ဆောင်ထားတဲ့ လူတစ်ယောက်သာသာပါ။
ငါအများကြီးထုတ်ပြောလိုက်လို့ လွန်သွားမှာ ကြောက်တယ်။
သေချာတယ် ငါနောင်တ‌ရနေတော့မှာ။

...
ငါ့အချစ်တွေက တစ်နေ့တော့ အသိအမှတ်ပြုခံရမှာပါလေ။
ငါမင်းကို ဘယ်လို သဘောထားလဲ ဆိုတာ သဲလွန်စ နည်းနည်းပေးမယ်။
ငါဘာတွေ ပြောနေမိလဲ ငါသိတယ် ထင်တာပဲ။
ပြီးရင် မျက်နှာသစ်ပြီး တစ်ခေါက်ပြန်ပြောကြည့်ဦးမယ်။
မင်းရှေ့ရောက်ရင်တော့....
ငါအကောင်းဆုံး တစ်ခုခု ပြောနိုင်ဖို့ ငါအကောင်းဆုံး ကြိုးစားမှာပါ။

[Zawgyi]ဒီအချစ်ကို ဆက် ရှင်သန်စေဖို့ နည်းတစ်ခုခုသာ ရှိခဲ့ရင်၊ ငါရအောင် ရှာဖွေပြီး မင်းနဲ့ မျှဝေမယ်။

...

...

...

One Shot အစုံသုပ်Where stories live. Discover now