တိုင်းပြည်တစ်ခု ပျက်စီးသွားခြင်းအကြောင်း

573 5 0
                                    

[Unicode]"အဇူ ငါတို့ စေ့စပ်ပွဲကို ဖျက်လိုက်ရအောင်"

ဒါက ဘွဲ့ယူအခမ်းအနားမှာ မင်းသားလင်းရဲ့ ကြေညာချက်ပဲ
မဖြစ်နိုင်ဆုံး အချိန်မှာ ပြောခဲ့တာ။ ဘာလို့ဆို နောက်နေ့က မင်္ဂလာပွဲနေ့လေ။

"ငါ သေချာ စဉ်းစားပြီးပြီ။ မြေခွေးလူသား တစ်ယောက်ကို ငါက ဘာလို့ လက်ထပ်ရမှာလဲ"

ဒါက တစ်ခုတည်းသော အကြောင်းပြချက်မဟုတ်ပါဘူး။
မင်းသားလင်းရဲ့ ဘေးက ဗစ်ကောင့်မြို့စား နိုင်ယာရဲ့ မျက်နှာမှာ လျှို့ဝှက်အပြုံးတစ်ခု ရှိတယ်။

ဒီနိုင်ငံမှာ လူသားတွေပဲ ရှိတာမဟုတ်ဘူး။ မြေခွေးနားရွက်တွေနဲ့ မွေးဖွားလာသူတွေလဲ ရှိပြီး မြွေခွေးလူသား လို့ ခေါ်ကြတယ်။

မင်းသားလင်းကလဲ ခြွင်းချက်မဟုတ်ဘူး။

ဒါပေမယ့် သူ့မိဘတွေကို သတ်ခဲ့သလိုမျိုး သူမအပေါ် နှစ်တွေ အကြာကြီး မုန်းတီးမှုကို ပြခဲ့ပေမယ့် မြို့စား အဇူ နဲ့ မင်းသားလင်းရဲ့ စေ့စပ်ကာလက အံ့ဩစရာကောင်းလောက်အောင် သိပ်မကြာဘူး။(အဇူက အမျိုးသမီးမြို့စားပါ)

၃ လလောက်ပဲ။ အတိအကျ ပြောရရင် ရက်ပေါင်း ၁၀၈ ရက်လောက်ပဲ။ နိုင်ငံထဲက မြို့အရေအတွက်နဲ့ အတူတူပေါ့။

မြွေခွေးလူသားမျိုးနွယ် မြို့စားရဲ့ နိုင်ငံရေးလက်ထပ်ပွဲကို အမြင်မဆိုးစေဖို့ လင်း ရဲ့ ဘွဲ့ယူပွဲ မတိုင်ခင် ၃ လ အလိုမှ ကြေညာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဒီ ၃ လမှာ အဇူ ရဲ့ မြို့စားဂုဏ်ပုဒ်နဲ့ လင်းရဲ့ ကြင်ယာတော်လောင်း ဆိုတဲ့ ဂုဏ်ပုဒ်က ပြည့်စုံခဲ့တယ်။ လင်း ဘက်က ဘယ်လောက်ပဲ အေးစက်နေပါစေ သူ့အတွက် သူမရဲ့ အချစ်ကို ပြနေတုန်းပဲ။

အဇူ ရဲ့ ဂုဏ်ပုဒ်နဲ့သာဆို သူ့အနာဂတ်က လှပလိမ့်မယ်ဆိုတာ မင်းသားလင်း သိပေမယ့် အချစ်စစ်ကို ရှာတွေ့သွားတဲ့ မင်းသားလင်းအနေနဲ့ သူ့ရဲ့ မြေခွေးလူသား ကြင်ယာတော်လောင်းကို သည်းမခံနိုင်တော့ပဲ စေ့စပ်ပွဲဖျက်ဖို့ ပြောခဲ့တယ်။

မင်းသားလင်း ဧည့်သည်စားပွဲ ဘက်ကို ကြည်ြလိုက်တော့ ဘုရင်က ဖြူဖျော့ပြီး တုန်ယင်လာတာကို တွေ့လိုက်တယ်။

One Shot အစုံသုပ်Where stories live. Discover now