Trigger warning 🚨
[Unicode]"တွေ့ရတာ ဝမ်းသာပါတယ် အရှင့်သား အာရစ်တိုချီ"
"ကယ်မလီယာ တိုက်ဆ်ုင်လိုက်တာ မင်းဘာလုပ်နေတာလဲ"
"အပူချိန်က နဲနဲပြင်းလို့လေ သစ်ပင်အောက် အရိပ်ခိုနေတာ။ အခုတော့ သက်သာသွားပါပြီ။ ကျွန်မ သွားတော့မယ်"
အရှင့်သားကို တစ်ယောက်ယောက် ကြည့်ပေးကြပါဦး။ ငါ အာဇရယ် ဘဝတုန်းက ခဏခဏ အလိုက်ခံဖူးပေမယ့် ကယ်မလီယာ ဘဝမှာတောင် ဘာလို့ ဆက်လိုက်နေမှန်း နားကိုမလည်ဘူး။ မိန်းကလေးတိုင်းကို လိုက်ဖို့ အရမ်း အားယားနေတာလား။
"မင်း ဒီလို စိတ်ညစ်နေတဲ့ ရုပ်ကြီးနဲ့ မဟုတ်ဘဲ စကားနည်းနည်းလောက် ပြောနိုင်ဖို့ ကိုယ်မျှော်လင့်တယ်"
"ဟမ် စိတ်မညစ်ပါဘူး ကျွန်မ ပျော်ပါတယ်"
ငါပြေးဖို့ အခွင့်အရေးမရအောင် လုပ်နေတာ။ ငါလဲ ရပ်နေတဲ့နေရာမှာပဲ ထိုင်ချလိုက်ဖို့ပဲ တတ်နိုင်တယ်။
ခုန ထိုင်နေတုန်းက ပုရွက်ဆိတ်တွေကို ကြည့်နေတာနဲ့ သူလာတာကို သတိမထားမိလိုက်ဘူး။ ပုရွတ်ဆိတ်တွေက သူတို့ မိသားစုကို ဂရုစိုက်ပြီး ကိုယ့်အလုပ်ကိုယ် လုပ်တယ်။ သူတို့ကို ကြည့်ရတာ ဘယ်တော့မှ မရိုးဘူး။ ၃ နှစ်ကထဲက သူတို့ ဘာတွေလုပ်လဲ ကြည့်လာတာ။ အမွှာတွေ ဖြစ်တာတောင် ငါ့ညီမက ငါ့ကို နားမလည်ဘူး။
"အရင်နေ့တုန်းက မင်းကြိုက်လောက်မယ့် စာအုပ်မျိုး ကိုယ်တွေ့ထားတယ်။ တော်ဝင်မိသားစုပဲ ဝင်လို့ရတဲ့ စာကြည့်တိုက်မှာ"
"ရှင်... ရှင်ဘာပြောချင်တာလဲ"
"နာမည်က မှော်ဆင့်ခေါ်ထိန်းချုပ်ခြင်း တဲ့"
ငါ့အကြည့်တွေကို ပုရွက်ဆိတ်တွေဆီကနေ အရှင့်သားရဲ့ လက်ဆီ ပြောင်းလိုက်တယ်။
"ကျွန်မ အရမ်း အရမ်း စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဒါက ကျွန်မ ဖတ်သင့်တဲ့ စာအုပ်မျိုး မဟုတ်ဘူး"
"မင်း ဒီလိုပြောမယ်မှန်း ကိုယ်ထင်သားပဲ။ ဟေး ကယ်မလီယာ မင်းကိုယ့်ကို နမ်းရင် ဒီစာအုပ်ဖတ်ခွင့်ပေးမယ်"
YOU ARE READING
One Shot အစုံသုပ်
Short Story(uni+zawgyi) ကဲ one shotတွေ အကုန် အစုံသုပ်မယ်နော် genre မရွေးဘူး တွေ့တာပြန်မယ် heehee(人*'∀`)。*゚+