ငါ့ရဲ့ yandareခင်ပွန်း-1

536 10 0
                                    

[Unicode]ငါ့ညီမနဲ့ ခန္ဓာကိုယ်ချင်း လဲပြီးတာတောင် Yandareခင်ပွန်းက ငါ့နောက် လိုက်နေတုန်းပဲ

ဘုရင် အာရစ်တိုချီ ကို ကြိုက်နေတဲ့ မိဖုရားရဲ့ ညီမ ကယ်မလီယာဆီကနေ ခြိမ်းခြောက်ခံနေရတဲ့ မိဖုရား အာဇရယ် က စဉ်းစားမိတာက
"ငါတို့ ခန္ဓာကိုယ်ချင်း လဲလို့ရရင် ကောင်းမှာပဲ"လို့။ ကြည့်ရတာ နတ်ဘုရား‌တွေက ဒီဆန္ဒကို ကြားသွားပုံပဲ။

-------------------

"အရှင် ကျေးဇူးပြုပြီး ငဲ့ညှာပေးပါ" ငါ ငါ့ခင်ပွန်းကို တတ်နိုင်သမျှ အသံချိုချိုလေးနဲ့ ပြောလိုက်တယ်။

အရှင်က သူ့လက်တွေကို ငါ့လက်ပေါ် ထပ်ကိုင်ထားရင်း သူ့ဘေးက ငါ့ကို ကြည့်ပြီး ပြုံးနေခဲ့တယ်။ ခဏလေးအတွင်းမှာ အပြုံးတွေ ပျောက်ကွယ်ပြီး ရေခဲလို အေးစက်စက် မျက်နှာထားမျိုး ပြလာတယ်။

အောက်မှာက ငါ့အချစ်ဆုံး ညီမ ကယ်မလီယာ က စစ်သားတွေ ဝိုင်းတာ ခံထားရတယ်။

ပုံမှန်ဆို "နတ်သမီး" လို့ ‌ခေါ်ကြပေမယ့် တကယ်က အင်းစက်တစ်ကောင် ဖြစ်နေတဲ့ ငါ့ညီမကို ကြည့်ပြီး ပြောတယ်။

"ငါ့မိဖုရားရော မင်းအစ်မရော ဖြစ်တဲ့ မင်းရဲ့ မိသားစုဝင်ကို သတ်ဖို့ကြိုးစားခဲ့တဲ့ အပြစ်အတွက် မီးရှို့ပြီး သတ်စေ"

"ကျွန်မ... ဘာမှမဖြစ်ဘူးလေ။ ကျွန်မရဲ့ တစ်ဦးတည်းသော ညီမလေးကို ဒီလိုအပြစ်ဒဏ်မျိုး မကျစေချင်ဘူး။ ကျေးဇူးပြုပြီး အရှင် ခွင့်လွှတ်ပေးပါ"

"ငါ နင့်အကူအညီမလိုဘူး"

ငါ့ညီမက ငါ့ကို စိုက်ကြည့်ပြီး သူ့မျက်လုံးထဲမှာတော့ အမုန်းတရားတွေ ပြည့်နေတယ်။

ဟမ်...နေပါဦး ညီမလေးရေ ငါက ငါ့ရဲ့ ကြင်နာမှုကို ပြည့်ပြည့်စုံစုံ ပြဖို့ ကြိုးစားနေတာလေ။ ဒီမယ် ငါ့ရဲ့ အကျင့်မကောင်းတဲ့ ခင်ပွန်းလဲ ရှိနေတယ်လေဟာ။ နဲနဲလောက် ငါ့ကို မျက်နှာသာပေးပါဦးဟ။

"အာဇာရယ်"

"ဟမ် မဟုတ်ဘူး ငါ့ရဲ့ အစ်မတော်"

"ငါနင့်ကို အရမ်းမုန်းတယ်။ ငါလိုချင်တာတွေက နင်ပဲ ရနေတာ။ အရှင့်ဘေးမှာ ရှိသင့်တာ ငါပဲ။ နင် မဟုတ်ဘူး။ နင်က စက္ကန့်ပိုင်းလောက် စောစော မွေးလာတာနဲ့ပဲ"

One Shot အစုံသုပ်Where stories live. Discover now