ပုံပြင်တိုလေးတစ်ပုဒ် (၁)

296 8 0
                                    

[Unicode]အခန်း (၁)

သူမွေးထားတဲ့ ဟက်စကီး လူဖြစ်သွားတာ ချန်းရန်သိသွားပြီ။

အလုပ်က ပြန်လာတော့ အိမ်က အရင်လို ရှုပ်ပွနေတာပဲ။ ဒါပေမယ့် ခါတိုင်းလို မဟုတ်တာလေးတွေတော့ ရှိတယ်။ အိမ်က ပိုပြီး ရှုပ်နေတာမျိုး၊ ခါတိုင်းဆို ကြမ်းပေါ် လူးလိမ့်နေတဲ့ ဟက်စကီးကောင်ကို မမြင်ရဘဲ ‌ကြမ်းပေါ် ဆောင့်ကြောင့်ထိုင်ပြီး အမှိုက်ပုံးကို ဖွနေတဲ့ ဝံပုလွေနားရွက်တွေနဲ့ ဆက်ကျော်သက်ကောင်လေးကို တွေ့ရတာမျိုးပေါ့။ အနောက်ကနေ အသံလဲကြားရော ဝံပုလွေနားရွက်နဲ့ ကောင်က နောက်ပြန်လှည့်ကြည့်ပြီး ချန်းရန်ကိုလဲ မြင်ရော ခုန်အုပ်လိုက်တာ သူ ကြမ်းပေါ် ဖင်ထိုင်ရက်သား ကျသွားတာပဲ။ သူ့ရှေ့က ကောင်လေးက မွေးထားတဲ့ ဟက်စကီးလို တက်ကြွနေပေမယ့် ဒီနေ့ကျ ခါတိုင်းလို သူ့မျက်နှာကို လျှာနဲ့ တံတွေးတွေ စိုအောင် မလျက်ဘဲ သူ့မျက်နှာကိုပဲ သဲကြီးမဲကြီး အခါခါ နမ်းနေတယ်။

မသိစိတ်ကနေ ဝံပုလွေနားရွက်နဲ့ ကောင်လေးရဲ့ခါးကို ဖက်လိုက်မိတော့ ဒီကောင်လေး ဘာမှ မဝတ်ထားမှန်း သိလိုက်တယ်။ အား... အသားအရည်လေးက ချောမွေ့နေတာပဲ။ သူမွေးထားတဲ့ ဟက်စကီး လူဖြစ်သွားတာ ဒီလိုနဲ့ပဲ ချန်းရန် လက်ခံလိုက်ရပါပြီ။

ဒါပေမယ့် ဟက်စကီး ပုံစံတော့ ပြန်မပြောင်းနိုင်ဘူးဆိုတာ တစ်ပတ်အကြာမှာ သိလိုက်ရတယ်။

ချန်းရန်ဆိုတဲ့ သူက ဂရိုဂရမ်မာလေ။ ကုဒ်တွေရေးတာ အရမ်းအရမ်း တော်တဲ့သူပေါ့။ သဘောကျတဲ့ ဝါသနာရယ်တော့ မရှိဘူး။ ဒါကြောင့် လတိုင်း ငွေတော်တော် စုမိတယ်။

အခုတော့ သူစုထားတာလေးတွေ ထုတ်သုံးနေရပြီ။ ဟက်စကီးအတွက် တစ်နေ့တာ အသုံးအဆောင်တွေ ဝယ်ပေးရတယ်။ သူ့ကို လူတစ်ယောက်လို သဘောထားရတယ်။ ဟက်စကီးက ဉာဏ်တော့ကောင်းသားပဲ။ သိပ်မကြာဘူး လူ့လောကနဲ့ အသားကျလာရော။ ဒါပေမယ့် ချန်းရန် စိတ်ညစ်နေတာက ဒီကောင်ဘယ်လောက် စမတ်ကျကျ၊ လူနဲ့ ဘယ်လောက် တူတူ ညညဆို အရင်ခွေးဖြစ်တုန်းကလို သူ့ခုတင်ပေါ် ခုန်တက်ပြီး ဘေးမှာ လာအိပ်ရတာကို ကြိုက်နေတုန်းမလို့ပဲ။

You've reached the end of published parts.

⏰ Last updated: Sep 07, 2023 ⏰

Add this story to your Library to get notified about new parts!

One Shot အစုံသုပ်Where stories live. Discover now