Love💜Part.11
'ထယ်..အဲ့ဆရာ..ဆရာကိုမေးစရာရှိလို့...'
ထယ်လို့နာမ်စားသုံးလိုက်တာကြောင့်မျက်လုံးတွေကပြူးခနဲ့။
ဒါပေမယ့်နှလုံးသားနေရာမှာနွေးနွေးလေးရယ်။
စာသင်နေရင်းထမေးသည်။
'ဘာမေးမို့လဲ။ '
'ဆရာမှာအချစ်ဦးရှိခဲ့ဖူးလား။ '
'စာနဲ့ပတ်သတ်တာမေး။ '
မျက်ခုံးကိုမသိမသာတွန့်ချိုးသွားတဲ့Jungkook..
သူသိချင်တာမသိရလို့ဖြစ်ပါလိမ့်မယ်။'ပြောပြပါ။ '
စစ်ဆေးရေးနဲ့တွေ့နေပြီ။
'မရှိဘူး။ငါ့ဘ၀တစ်လျှောက်လုံးစာထဲမှာနစ်မြှပ်လာတာ။ '
'သြော်..ကျွန်တော်ကတော့ရည်းစားတွေနဲ့တွဲဖူးပေမယ့်ကျွန်တော့်မှာအချစ်ဦးမရှိခဲ့ဖူးဘူး။ '
'ရူးနေလားရည်းစားထားမှာတော့အချစ်ဦးတော့ရှိမှာပါ။ '
နှုတ်ခမ်းဆူကာမကျေမနပ်ထွက်လာတဲ့အသံဆာဆာလေး။
နှလုံးသားကမွန်းကြပ်သွားသလိုပဲ။
ကျွန်တော်မဟုတ်မှဒီကျောင်းသားလေးကိုစိတ်များ၀င်စားနေပြီလား။
သူပြောလိုက်တာကျွန်တော်ကဘာလို့ခံစားရခက်နေတာလဲ။အချစ်အကြောင်းနားမလည်လေးတဲ့မူလတန်းအဆင့်
ဆရာပေါက်ကိုကျွန်တော်နားလည်အောင်ပြောပြရမှာပေါ့။'ရည်းစားနဲ့ချစ်သူကမတူဘူး။ကျွန်တော်ကကောင်မလေးတွေကိုအပျော်ဘဲတွဲတာ။လက်တောင်ကိုင်တာမဟုတ်ဘူး။အပျင်းပြေစကားပြောဖော်ပေါ့။ကျွန်တော်ချစ်တဲ့သူကမှအချစ်ဦး။ '
'သြော်..'
ခေါင်းတငြိမ့်ငြိမ့်နဲ့။
'မင်းစာတာဒီလိုလေးသိရင်တစ်ကျောင်းလုံးမှာတစ်ပြေးနေမှာ။စာမေးပွဲရောက်တော့မှာသုံးလပဲကျန်တော့တယ်။တက္ကသိုလ်တတ်ရတော့မှာ။သေချာကြိုးစား'
'ဟုတ်ပါပြီဗျာ။ကျွန်တော့်အချစ်ဦးအခုတွေ့ပြီလေ
။ကျွန်တော်စာမေးပွဲပြီးရင်ဖွင့်ပြောတော့မှာ။ '
YOU ARE READING
Love [Completed]
FanfictionJeon Jungkook×Kim Taehyung Start Date_3.10.2022 End Date_12.10.2022