Part.7

5.6K 574 9
                                    

Love💜Part.7

'သားရယ်မာမီဘာမှမဖြစ်ပါဘူး။ '

jungkookသူ့အမေဂျွန်ဆိုမီးကိုထယ်ယောင်းတို့ဆေးရုံကိုခေါ်လာခဲ့တော့သည်။

သားကျောင်းမသွားတာကြောင့်သူshoppingထွက်တာသားကလိုက်လာသည်။

လိုချင်တာပူဆာမလို့လိုက်လာခဲ့တာ။

ကားပေါ်မှာခေါင်းကမှိုက်ခနဲဖြစ်သွားတာ။
ညကအိပ်တာညည့်နက်သည်ကို။လမကုန်ခင်shareတွေနဲ့ပတ်သတ်တာစစ်ဆေးရသည်လေ။

သားတော်မောင်ကမာမီနှလုံးရောဂါရနေတာလားဆိုပြီးဆေးရုံကိုစွတ်ခေါ်လာခဲ့တော့သည်။

မူးတာကခေါင်း။

ခေါ်လာတော့ထယ်ယောင်းလေးတို့ဆေးရုံ။

သူ့သားကိုနားမလည်တော့။ဟိုနေ့ကလည်းထယ်ယောင်းအလုပ်လုပ်တဲ့ဆေးရုံကိုမေးလို့မေး..ဖုန်းနံပါတ်ကိုဓားမြတိုက်သလိုတောင်းလို့တောင်း။
ဘယ်ဌာနမှာလုပ်တာလဲတဲ့။

ဘာတွေမွှေအုန်းမှန်းမသိတာကြောင့်မပြောတော့စာမသင်တော့ဘူးတဲ့။ပြောပြလိုက်ရတော့သည်။

'ဒေါက်တာကင်မ်ထယ်ယောင်းအခန်းဘယ်မှာလဲ။ '

ကောင်တာကိုမေးလိုက်တော့..

'ဒေါင့်ကိုချိုးလိုက်ပါNo.5အခန်းပါ။ '

သူ့မာမီလက်ကိုတင်းတင်းဆုတ်ကိုင်ပြီးခြေလှမ်းတွေခပ်မြန်မြန်သာသွားသည်။

ကားကားယားယားပါသွားသည်ကဂျွန်ဆန်းမီပင်။
ခေါင်းမူးတာကခဏနေပျောက်သည်။
သူသားဘာတွေသူကိုဂရုစိုက်နေရယ်မသိ။

တံခါးမခေါက်ပဲဆွဲ၀င်သွားလိုက်သည်။

'ဟဲ့..သားတံခါးခေါက်လေ။ '

အခန်းထဲမှာထယ်ယောင်း..jimin..hoseokတို့စကားပြောနေသည်။

ဆရာပေါက်စကဘာတွေပြောရယ်နေတယ်မသိ..
သူနဲ့ဆိုမပြုံးဘူး။

'အန်တီဘာဖြစ်လာလို့လဲ။ '

'jungkookခေါ်လာတာသားရေ။ '

Jiminနဲ့Hoseokကjungkookဆိုတဲ့နာမည်လည်းကြားရောစပ်စုချင်တာကြောင့်ရပ်နေသည်။

Love [Completed]Where stories live. Discover now