Part.15

5K 469 4
                                    

Love💜Part.15

ကျွန်တော့ဖေဖေနဲ့မေမေနဲ့ဂျွန်နဲ့ကျွန်တော်ချစ်သူတွေဖြစ်ကြောင်းပြောတော့နှစ်ယောက်လုံးသဘောတူကြသည်။

မေမေကသားပျော်ရွှင်ရင်ရပါပြီတဲ့။Jungkookလေးကလည်းသားကိုအပြည့်အ၀ဂရုစိုက်တတ်မှန်းသိတယ်တဲ့။

ကျွန်တော်တို့ချစ်ခရီးလမ်းကသာသာယာယာပါပဲ။

ဂျွန်ကသ၀န်တိုတတ်ပေမယ့်စိတ်မဆိုးတတ်...
အနမ်းနဲ့ချော့လိုက်ရင်ပြုံးပြုံးကြီးနဲ့ကျေနပ်သွားတတ်သည်။

အချိန်တွေကတစ်နှစ်ကျော်ပြောင်းလဲသွားပေမယ့်ကျွန်တော်နှလုံးသားကထယ့်ဘက်ပိုပိုပြီးယှိုင်နဲ့လာသည်။

ချစ်လွန်းလို့သွားလေရာသာခေါ်သွားချင်တော့သည်။

ကျွန်တော်ကသိပ်ချစ်တတ်လို့သ၀န်တိုရင်အပြစ်မမြင်ဘဲချစ်လို့ကျေးဇူးတင်မိသည်။

ဂျွန်ကအခုတက္ကသိုလ်ဒုတိယနှစ်ရောက်နေပြီလေ။ ဂျွန်ကတစ်ဖက်ကcompanyကိုဦးစီးတတ်သေးသည်။ကျွန်တော့်ကိုလည်းဂရုစိုက်မှုမပြက်..
ကျွန်တော်လည်းပါရဂူဘွဲ့ရခဲ့သည်။

အခုဂျွန်၀ယ်ထားတဲ့condoမှာပိတ်ရက်မှာအချိန်ကုန်ဆုံးတတ်သည်။

မွေ့ယာတစ်ဖက်ကအိကျလာသည်။ကျွန်တော်အိပ်နေတာ...ခါးပေါ်လက်တင်ထားကာလည်ပင်းကိုမွေးနေသည်။

သူအိပ်ယာနိုးလို့ကလိတာ..

'ထယ်ထတော့လေ။ '

'အော။ '

'ကိုယ်ချီမယ်..'

လက်ဆန့်ပေးတော့ဂျွန့်ခါးကိုခြေထောက်နှစ်‌ဖက်ခွကလည်ပင်းကိုသိုင်းကာပါသွားသည်။

မျက်နှာသစ်တာတောင်ခါးနဲ့ဗိုက်ကိုသိမ်းကြုံးဖတ်ထားတာသူ့လက်နှစ်ဖက်ကြားထဲမှာခန္ဓာကိုယ်တစ်ခုလုံးမြုပ်နေသည်။

သွားတိုက်နေတုန်းလည်ပင်းထဲမျက်နှာအပ်ကာနှာခေါင်းလုံးလုံးလေးနဲ့ပွတ်ဆွဲနေတော့သည်။

'ဂျွန်ထယ်မျက်နှာသစ်အုံးမယ်နော်။ '

အလိုက်တသိဖယ်သွားသည်။

'ပေါင်မုန့်ပေါ်စတော်ဘယ်ရီJamများများလေး..'

'အသဲနှလုံးလေးစိတ်တိုင်းကြဖြစ်စေရမယ်..'

Love [Completed]Where stories live. Discover now