Part.16

4.6K 452 6
                                    

Love💜Part.16

ထယ်ယောင်းစိတ်ပင်ပန်းတာကြောင့်အိပ်ပျော်သွားသည်။တစ်ဖက်ကိုစောင်းကာ...

တစ်ဖက့်ကိုလှည့်အိပ်နေတဲ့ထယ့်ပါးလေးကိုတစ်ချက်ဖိကပ်နမ်းကာ..

'Good night..'

ထယ့်ကျောပြင်သေးသေးလေးကို‌ကျွန်တော့ရင်ဘတ်နဲ့ဖိကပ်ထားကာဖတ်ထားလိုက်သည်။

လက်ကထယ့်ခါးသွယ်သွယ်ကိုသိုင်းဖတ်ကာအိပ်ပျော်သွားသည်။

ခါးပေါ်ကလေးနေတာကြောင့်ဖတ်ထားတဲ့ဂျွန့်လက်ကိုဖယ်လိုက်တယ်။

ဂျွန်ကိုတော့ဒီနေ့မနက်ပိစိလေးတော့စိတ်ဆိုးလိုက်အုံးမယ်။

သူချောတာလည်းခံချင်သေးတာကို.

အနမ်းလေးတော့ခိုးပေးဖို့စိတ်ကူးရမိသည်။

ဂျွန့်နှုတ်ခမ်းကိုစုတ်ချက်ပြင်းပြင်းနဲ့နမ်းနေမိသည်။

အောက်နှုတ်ခမ်းလေးကိုချစ်ပြီးကိုက်မိလိုက်သည်။

အယ်အနည်းငယ်ပေါက်သွားသည်။သွေးလေးဆို့နေတာ။

ဒုက္ခပါပဲသူနိုးရင်ဘာဖြစ်တာလဲမေးအုံးမှာ။

အောက်နှုတ်ခမ်းကိုသွေးနည်းနည်းထွက်တာမရှိအောင်သူ့နှုတ်ခမ်းနဲ့စုတ်ကာသွေးတိတ်အောင်လုပ်လိုက်သည်။အာငွေ့လေးပေးလိုက်နဲ့တစ်ယောက်ထဲအငမ်းမရနမ်းမိလို့ပြာယာခပ်နေမိသည်။

ဆေးတို့ရင်စပ်ပြီးနိုးလာရင်သူရှက်ရအုံးမယ်လေ။

သူနိုးနေတာကြာပြီဆိုတာထယ်ကမသိအနမ်းခပ်ကြမ်းကြမ်းပေးနေတာတစ်ခါမှမလုပ်ဖူးတဲ့ထယ်က..
ကျွန်တော်ထလိုက်ရင်မိုက်မဲရာကြသွားမယ်။
အိပ်ချင်ယောင်ဆောင်ကာကြည်ကြည်နူးနူးနဲ့ခံယူနေမိတာ။အနမ်းတို့ကိုတုံ့ပြန်ချင်တာတောင်ချိုးနိမ်ထားရတာ။

ကျွန်တော်လည်းယောကျာ်လေးလေအသွေးနဲ့အသားနဲ့တည်ဆောက်ထားတာ။တန်ဖိုးရှိတဲ့ထယ်မို့နမ်းရုံအဆင့်တတ်မထက်ခဲ့။

တန်ဖိုးထားတယ်။မြတ်နိုးတယ်။

အိပ်မောကျနေလို့မသိတာ။

စက္ကန့်အတော်ကြာမှရပ်လိုက်သည်။နမ်းနေတာကိုမရပ်ချင်တော့ဘူး။

Love [Completed]Where stories live. Discover now