Part 12

1K 33 0
                                    

"ကို..ကို။"

ထိုအသံအားရင်းနှီးနေသည့်အတွက် ထကြည့်မိသည်။ ခါးလောက်ရှိသော ရွှေအိုရောင်ဆံပင်လေးနှင့် ၅ပေ၂လက်မလောက်ရှိသောရင်ခွင်မှီအရပ်လေးနှင့် လှပနေတုန်းဖြစ်သည့် ငုဝါကိုတွေ့လိုက်ရသည်။

"ငုဝါ...ငုဝါမလား။ ကိုယ်တောင်းပန်ပါတယ်ကွာ ကိုမင်းအပေါ်ဖောက်ပြန်နေမိပြီး ကိုယ်ကမကောင်းတဲ့ကောင်ကြီးပါကွာ။"

ကွဲအပ်နေသောအသံနှင့်အတူ မျက်ရည်တို့စီးကျလာခဲ့သည်။

"ကိုပို့တဲ့မေတ္တာတွေကြောင့် ငုဝါအေးချမ်းရပါတယ်၊ ပြီးတော့ ခုဖြစ်နေတဲ့ပြသနာအတွက်ကိုယ့်ကိုကို အပစ်မတင်ပါနဲ့နော်။ ကို့အနားမှာအဖော်မပြုပေးနိုင်တဲ့ငုဝါကိုခနလေးမေ့ထားလိုက်နော်၊ ကိုယ့်ကိုချစ်ပေးနိုင်မဲ့သူနဲ့တွေ့တာကိုငုဝါပျော်ပါတယ်။ စိတ်မညစ်နဲ့တော့နော် ပြီးတော့ငုဝါဆီလာချင်တယ်လို့ ခနခနမပြောပါနဲ့ ၊ လူ့လောကမှာအကြာကြီးနေပြီး ပျော်အောင်နေနော်။"

"ကိုယ်မင်းကိုမမေ့နိုင်ပါဘူးကွာ။ ကိုအရမ်းချစ်ရတဲ့မင်းကိုဒီတစ်သက်မမေ့ပါဘူး။"

"ငုဝါကခနလေးပဲမေ့ခိုင်းတာပါကိုရဲ့ အချိန်တန်ရင်ပြန်တွေ့ကြပြီး နောက်ဘဝမှာ ပေါင်းဖက်နိုင်ကြမှာ......။"

ငုဝါစကားသံမဆုံးခင် ကျားဟိန်းသံကြားလိုက်ရသည်။ ထို့နောက် မိမိတို့နှစ်ယောက်ကို အပြာရောင်မျက်စံများဖြင့် သားကောင်အားဖမ်းတော့မည်ပုံနှင့် စူးရှစွာကြည့်လို့နေသည်။ ထိုအကြည့်တို့အား အေးချမ်းသိလို့နေသည်။

"ဘာကိုနောက်ဘဝလည်း မိုးညမာန်ဆိုတဲ့ကျွန်တော်လူဖြစ်နောက်ကျလို့ ခင်ဗျားတို့တွေ့ဆုံခွင့်ရခဲ့တာ။ မောင်ကကျွန်တော့်အပိုင်ပဲ၊ ဒီဘဝတင်မဟုတ်ဘူး ဘဝဆက်တိုင်အတွက် မောင့်ကိုပိုင်မဲ့သူက ကျွန်တော်ပဲ။"

အေးချမ်းမောင်တစ်ယောက် မျက်ရည်များ၊ ချွေးများနှင့် အိပ်ရာမှနိုးထလာခဲ့သည်။

"မိုးညမာန်... မင်းငါ့ကိုအိမ်မက်ထဲတောင်အလွတ်မပေးပါလားကွာ။"

အချိန်ကိုကြည့်လိုက်တော့၄နာရီခွဲဖြစ်သည်။ ပုံမှန်ဆိုအလုပ်သွားဖို့ပြင်ဆင်နေချိန်ဖြစ်သော်လည်း ဒီနေ့သည်ကာ ခရီးသွားဖို့ပြင်ရမည်ဖြစ်သည်။ ဘယ်အချိန်လာခေါ်မလည်းမသိတဲ့သူကို စောင့်မနေချင်တာကြောင့် အိပ်ရာထဲတွင်မှိန်းနေမိသည်။ ၅နာရီထိုးတဲ့အချိန်မှာတော့ ပြန်အိပ်လို့လည်းမရတာကြောင့် ကိုယ်လက်လှုပ်ရှားပြီးနောက် ရေချိုးလိုက်သည်။ ဘုရားရှီခိုးပြီးတဲ့ချိန်မှာတော့ ၆နာရီထိုးလို့နေလေပြီး။ မနက်စာအတွက်ဘာလုပ်ထားလည်းဆိုတာ ဆင်းကြည့်ပြီး ကလေးတွေအခန်းကိုကြည့်လိုက်သည်။ ကလေးတွေကနိုးနေပြီးစာပြန်နွှေးနေသည့်အတွက် ချီးကျူးနေမိသည်။

မောင်(complete)Where stories live. Discover now