မနက်၈နာရီထိုးတဲ့အချိန် အနားတွင်လှုပ်ရှားနေသံကြားရပြီး ရေမွှေးအနံ့လေးရလိုက်တာကြောင့် အေးချမ်းမောင်မျက်လုံးပွင့်လာသည်။ မျက်လုံးမပွင့်ခင်ထဲက တစ်ကိုယ်လုံးနာကျင်လို့နေသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုးညအားမတွေ့ရ၊ ရေမွှေးနံ့ကိုရပြီး အဝတ်အစားလဲခန်းမှအသံကြားတာကြောင့် မိုးညဘယ်မှာရှိနေလည်းဆိုတာ သိလိုက်ရသည်။ ဖုန်းအားဖွင့်ကြည့်လိုက်သောအခါ ၈နာရီထိုးနေပြီဖြစ်တာကြောင့် အိပ်ရာပေါ်မှထကာ ကုတင်အောက်ဆင်းလိုက်သည်။ ကုတင်အောင်ဆင်းလိုက်သည်နှင့် တစ်ခုခုကထွက်ကျလာသလိုခံစားလိုက်ရသည်။
ထိုခံစားချက်ကိုရဖူးတာကြောင့် ဘာလည်းဆိုတာသိလိုက်ရသည်။ ညက ဝိုင်သောက်သည်ထိပဲမှတ်မိပြီ ကျန်တာတွေမမှတ်မိတာကြောင့် စဉ်းစားနေမိသည်။ သတိကရတစ်ချက်မရတစ်ချက်ဖြစ်နေတာကြောင့် သေချာသောမှတ်ဉာဏ်အားမရရှိခဲ့။ ဆေးရုံသွားရတော့မယ့်အချိန်နီးနေတာကြောင့် ရေချိုးခန်းထဲသာမြန်မြန်လာခဲ့သည်။ ရေချိုးခန်းထဲသို့ရောက်သောအခါ အခက်တွေ့ရလေသည်။ ကို့ဟာကိုမကိုင်ရဲဘဲချီတုံချတုံဖြစ်နေရသည်။ အချိန်လည်းမရှိတာကြောင့် မိုးညမာန်ကိုအကူအညီတောင်းလိုက်ရသည်။
"မိုးညမာန်.....မိုးညမာန်။"
အဝတ်အစားလဲပြီး မောင့်ကိုနိုးဖို့ ကုတင်နားသို့လာခဲ့သည်။ အိပ်ရာတွင်မရှိတော့တာကြောင့် ရေချိုးခန်းထဲရှိနေလိမ့်မယ်လို့တွေးနေတုန်းပင် အသံကြားလိုက်ရသည်။ ရေချိုးခန်းတံခါးကိုခေါက်လိုက်ပြီး မောင့်အားမေးလိုက်သည်။
"မောင် ဘာဖြစ်လို့လည်း။"
"မင်းကိစ္စမင်းလာရှင်း။"
"ကျွန်တော့ကိစ္စ?"
"ရေချိုးခန်းတံခါးဖွင့်ထားတယ် ဝင်လာခဲ့။"
ထူးထူးဆန်ဆန်တွေပြောနေတာကြောင့် တံခါးကိုမြန်မြန်ဖွင့်ပြီးဝင်လိုက်သည်။ ရေချိုးခန်းထဲတွင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် မိုးညအာခေါင်ခြောက်လာတယ်လို့ခံစားလိုက်ရသည်။ အဝတ်အစားကင်းမဲ့နေသောကိုယ်ဖြင့် တင်ပါးလေးကိုကိုင်ပြီးပြောလာသောစကားကြောင့် မိုးညသိလိုက်လေသည်။ ညကသန့်ရှင်းရေလုပ်ပေးပြီးမှ မောင်ကချစ်ဖို့ကောင်းနေတာကြောင့် နောက်တစ်ကြိမ်ချစ်မိပြီး အိပ်ပျော်သွားခြင်းဖြစ်သည်။
YOU ARE READING
မောင်(complete)
Fantasíaမိုးညမာန် လောကကြီးမှာ အမျိုးအစား၂ခုပဲရှိတယ်၊ စားသုံးသူနဲ့အစားခံရသူ၊ စားသုံးသူအနေနဲ့မွေးဖွားလာတဲ့ငါ့ကို အစားခံရသူအနေနဲ့မွေးဖွားလာတဲ့မင်းတို့က အပစ်ပြောခွင့်မရှိဘူး။ အေးချမ်းမောင် ရှုတ်ထွေးတဲ့လောကကြီးမှာ အေးချမ်းစွာပဲရှင်သန်ချင်တယ်။