မိုးညဝယ်ထားသောကွန်ဒိုခန်းတွင် အရက်သောက်နေခဲ့သည်။ လူတကာကို ခံစားရအောင်လုပ်ခဲ့သမျှ မောင်နဲ့မှ အကုန်ပြန်ခံနေရသည်။ အချစ်ကြီးရင်အမြတ်ကြီးတယ်ဆိုတဲ့စကားအတိုင်း မောင်နဲ့ပက်သက်လာရင် အသေးအမွှားလေးကအစ အထိခိုက်မခံနိုင်တဲ့ ကိုယ့်ကိုလည်းအံ့ဩမိသည်။ အခုလည်း ပါးရိုက်ခံထားရတာကို သူဘယ်လိုနေမလည်းဆိုပြီး စိတ်ပူနေပြန်သည်။ ဘာပဲပြောပြောဒီတစ်ခါတော့ လုံးဝအလျော့မပေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။ အရက်အား တစ်ခွက်မော့လိုက်ပြီး အပြင်ဘက်ကိုကြည့်နေချိန် ဖုန်းဝင်လာခဲ့သည်။
ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ ဒယ်ဒီဖြစ်နေသည်။ အလုပ်မသွားတာကြောင့် အပြောခံရမယ်ဆိုတာသိနေသည်။ မကိုင်ဖို့လုပ်လိုက်ပေမဲ့လည်း မောင်ဘယ်လိုနေလည်းဆိုတာ သိရဖို့ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို။"
"ဟယ်လို သား အိမ်ပြန်လာပါတော့ကွယ်။"
အိမ်ကထွက်သွားတာမှ နာရီပိုင်းပဲရှိသေးသည်ကို ဒယ်ဒီပြောတဲ့စကားက အချိန်အကြာကြီး အိမ်ကထွက်သွားတဲ့သူကျနေတာပဲ။
"တစ်ပတ်လောက်နေပြီးရင်ပြန်လာခဲ့မယ်။"
"သားအေးချမ်းမောင်နေမကောင်းဖြစ်နေတယ်။"
"အဲ့ဒါကိုဘာလို့အခုမှပြောတာလည်း ဗျာ။"
အရက်သောက်ထားတာကြောင့် ရီဝေဝေဖြစ်နေတာပါ ပျောက်သွားရသည်။ ကားသော့ကိုယူကာ အိမ်သို့အရှိန်ကုန်တင်ပြီး ပြန်လာခဲ့သည်။ ခြံထဲသို့ရောက်သည်နှင့် မောင့်ကားကိုတွေ့လိုက်ရတာကြောင့် ပိုစိတ်ပူသွားရသည်။ အိမ်ထဲသို့ဝင်ဝင်ခြင်း ဒယ်ဒီကို မောင့်အခြေအနေမေးခဲ့သည်။
"ဆရာဝန်ပြောတာတော့ စိတ်ဖိစီးပြီး အိပ်ပျက်ညတွေများလို့ဖြစ်တာတဲ့။ အခုတော့ဆေးထိုးထားတာကြောင့်အိပ်ပျော်နေတယ်။"
အိပ်ခန်းထဲသို့ဝင်ဝင်ချင်း လက်လေးကိုဗိုက်ပေါ်တင်ပြီး အိပ်နေသည့်မောင့်ကိုတွေ့လိုက်ရသည်။ ခြေသံဖွဖွလျှောက်ပြီး မောင့်အနားသို့သွားလိုက်သည်။ နဖူးလေးကိုစမ်းကြည့်တော့ ကိုယ်တော့မပူ ဖြူဖွေးနေတဲ့မျက်နှာလေးတွင် မျက်ကွင်းများကညိုနေလေသည်။ မောင်ခေါင်းလေးကိုပွတ်ပေးပြီးသည်နှင့် အိပ်ခန်းထဲကပြန်ထွက်လာလိုက်သည်။
YOU ARE READING
မောင်(complete)
Fantasyမိုးညမာန် လောကကြီးမှာ အမျိုးအစား၂ခုပဲရှိတယ်၊ စားသုံးသူနဲ့အစားခံရသူ၊ စားသုံးသူအနေနဲ့မွေးဖွားလာတဲ့ငါ့ကို အစားခံရသူအနေနဲ့မွေးဖွားလာတဲ့မင်းတို့က အပစ်ပြောခွင့်မရှိဘူး။ အေးချမ်းမောင် ရှုတ်ထွေးတဲ့လောကကြီးမှာ အေးချမ်းစွာပဲရှင်သန်ချင်တယ်။