Part 2

2.2K 67 0
                                    

အေးချမ်းဆေးရုံးကနေအပြန်မှာ သားနဲ့သမီးကိုကျောင်းကနေဝင်ကြိုခဲ့တယ်။ လွန်ခဲ့တဲ့၂နှစ်က အေးချမ်းတို့မိသားစုလေးကစုံစုံလင်လင်နဲ့ ပျော်ရွှင်နေခဲ့ကြတယ်။ အသက်၂၅နှစ်အရွယ်မှာ ချစ်သူငုဝါနဲ့လက်ထက်ခဲ့ပြီး ၂၇နှစ်မှာ သားနဲ့သမီးအမွှာလေးကိုမွေးဖွားခဲ့သည်။ ပျော်ရွှင်နေတဲ့မိသားစုလေးကို လောကကြီးကမမြင်ချင်လို့ထင်ပါရဲ့ ငုဝါ၃၃နှစ်မှာကားတိုက်ခံရပြီး ကွယ်လွန်ခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးဖိုဖြစ်ကာ သားနဲ့သမီးအားရှိသမျှအချစ်တွေအကုန်ပေါအောရင်း နေလာခဲ့သည်မှာ ၂နှစ်ပြည့်လို့သွားခဲ့ပြီး။

သားလေးခန့်ထည်မောင်နဲ့ သမီးလေးသုန္ဒီမောင်တို့ဟာ ရုပ်ချင်းဆင်သော်လည်း အကျင့်စရိုက်တွေကဆီနဲ့ရေလို့ကွဲပြား၏။ သမီးလေးက အေးချမ်းနဲ့တူပြီး ရင့်ကျက်တည်ငြိမ်၏။ သားလေးကတော့သူ့အမေနဲ့တူကာ အလုပ်တစ်ခုကိုလုပ်ရင်း ပြာပြာသလဲလုပ်တတ်၏။ အခုလည်း သမီးကြီးကတိုင်လို့လာသည်။

"ပါးရဲ့သားကလေ ကျောင်းကဘုရားပန်းအိုးကိုခွဲလိုက်တယ်သိလား။"

"မမနင်ချွန်တုံမလုပ်နဲ့။ ပါးသားပြောတာနားထောင်ပေးနော်။"

"အွန်းပြောပါဦး။"

"သူငယ်ချင်းကပန်းအိုးတွေကော သောက်တော်ရေခွက်တွေကော ကိုင်လာတာမို့ စေတနာနဲ့ကိုင်ပေးတာ အဲ့ဒါလက်ကချောပြီးလွတ်ကျသွားတာ။"

"တွေ့လားငါပြောသားပဲ နင့်ဘာသာနင်ဘယ်လိုပဲပြောပြော နင်လုပ်လိုက်လို့ပန်းအိုးကကွဲတာပဲလေ။"

မတည့်အတူနေမမြင်ချောင်းကြည့်ဆိုသည့်အတိုင်း အမွှာတွေဖြစ်သော်လည်း တစ်စက်လေးမှမတည့်ကြ။

"သားကစေတနာနဲ့လုပ်ပေးတယ်ဆိုတာကြောင့် ဖေဖေဂုဏ်ယူပါတယ်၊ ဒါပေမဲ့ ဂရုစိုက်ရမယ်လေ စေတနာဆိုတဲ့အရာကမပေးတတ်ရင် ဝေတနာအဖြစ်သို့ပြောင်းသွားတတ်တယ်။ အဲ့ဒါကြောင့်ဂရုစိုက်ရမယ်နော်။ သားအစ်မက သားထိခိုက်မှာစိုးလို့ပြောနေတာပါ ရန်လိုလို့မဟုတ်ပါဘူးကွာ။ နှစ်ယောက်လုံးသင့်သင့်မြတ်မြတ်နေရမယ်နော် အခုဘာဂါသွားစားကြမလား။"

မောင်(complete)Where stories live. Discover now