Chapter 16 (Thadingyut Surprise)

1.8K 388 10
                                    

မှောင်လာတဲ့အခါမှ လင်ရှီးသူငယ်ချင်းလေးကိုနှုတ်ဆက်စကားပြောလိုက်၏။

သူငယ်ချင်းလေးက လင်ရှီးလက်ကိုကိုင်ထားဆဲဖြစ်ကာ မသွားစေချင်ခဲ့ပေမယ့် လင်ရှီးသူ့ကိုသွားခွင့်‌ပြုဖို့ မဖြောင့်ဖျခင်မှာပဲ သူချက်ချင်းသွားခွင့်ပြုလိုက်သည်။ အညိုရောင်ဆံပင်နဲ့ကောင်လေးက သူ့သူငယ်ချင်းကို ပတ်တီးမရှိတဲ့အနီရောင်မျက်လုံးလေးနဲ့ကြည့်နေလေသည်။ သု့ရဲ့သန်မာသလိုဟန်ဆောင်ထားတဲ့ပုံကြောင့် လင်ရှီးစိတ်မကောင်းဖြစ်ရ၏။
[ T/N- အညိုလေးကမျက်လုံးလေးတွေအညိုရောင်ပါနော်အခုကငိုထားလို့နီနေတာ]

လင်ရှီးကောင်လေးရဲ့ ဆံပင်ကိုလှမ်းပွတ်လိုက်ပြီး ကောင်လေးကိုကတိပေးလိုက်သည်။

"ငါမနက်ဖြန်ပြန်လာမယ်လေနော်"

ကောင်လေးကလေးလေးနက်နက် ခေါင်းငြိမ့်ပြ၏။ ကြည့်ရတာလိမ္မာရေးခြားရှိပြီး သနားစရာကောင်းနေတာကြောင့် လင်ရှီးသူ့သခင်ဖြစ်သည့်ချင်ရှောင်းကို ဆေးရုံမှာညအိပ်ခွင့်ပင်တောင်းချင်မိသည်။

အဲ့ဒီအကြောင်းတွေးပြီးနောက် လင်ရှီးသူ့အတွေးစတွေကို အဆက်ဖြတ်လိုက်၏။

တစ်လက်မပေးရင် တစ်မိုင်လောက်လိုချင်လို့မဖြစ်ဘူး။ လင်ရှီးမတိုင်ခင်က လက်ဆောင်သေးသေးလေးယူလာခဲ့ကြောင်း သတိရသွား၏။ လက်ဆောင်လို့တောင်ပြောလို့မရပေ။ အဘယ်ကြောင့်ဆိုသော် ဥယျာဉ်ထဲမှာကြွေကျနေတဲ့ သစ်ရွက်နဲ့လုပ်ထားတာကြောင့်ဖြစ်သည်။ ဆွဲတဲ့ကြိုးကိုလည်း မြက်ဖြင့်လုပ်ထားတာဖြစ်သည်။

"မင်းကိုပေးမယ်" လင်ရှီးဆွဲကြိုးလေးကို သူငယ်ချင်းအားပေးလိုက်၏။

သူငယ်ချင်းလေးက လက်နှစ်ဖက်ဖြင့်လက်ခံလာ၍ လင်ရှီးသူ့လက်ကိုကိုင်ကာ ဆွဲကြိုးလေးကိုလက်ထဲထည့်ပေးလိုက်သည်။

"ကောင်းကောင်းအိပ်နော်၊ အကုန်လုံးပြီးဆုံးသွားပြီ၊ ဘယ်သူမှမင်းကိုမနာကျင်စေတော့ဘူး"

လင်ရှီးဆုံးဖြတ်ချက်ချလိုက်၏။ တစ်နေ့သူ ထွက်ပြေးတဲ့အခါကောင်လေးကိုပါသူနဲ့အတူခေါ်သွားမည်။ သူတို့နှစ်ယောက်ပင်လယ်ရဲ့ အောက်အနက်ပိုင်းဆီအတူတူသွားမည်။ ပြီးတော့ သူတို့လမ်းမှာ တစ်ယောက်ကိုတစ်ယောက်အဖော်ပြုကြမည်။

The Villain Dressed As a Little MermaidWhere stories live. Discover now