ခန်းမင်ကို မည်သို့မည်ပုံ သွေးဆောင်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး လင်ရှီး အနီရောင်ရေသူလေးကို မည်သည့်အကြံဉာဏ်မှ မပေးခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုသူကိုယ်တိုင်က ရေသူတစ်ယောက်ဖြစ်ပြီး ရေသူမျိုးစိတ်တွေက ဆွဲဆောင်နိုင်သည့် အရည်ချင်းနှင့် မွေးဖွားလာသည်ဖြစ်ရာ သာမန်လူသားများနှင့် ကွာခြားလှ၏။
ရေသူများ ဆန္ဒရှိနေသရွေ့ သူတို့ရဲ့ မွေးရာပါ ထူးခြားလှသောဆွဲဆောင်နိုင်စွမ်းကို အရင်းခံပြီး လူသားများကို လုံး၀ဆွဲဆောင်ဖြားယောင်းနိုင်ပေသည်။
ထို့အပြင် ထိုသူက အနီရောင်ရေသူလေးဖြစ်ကာ ထိုအနီရောင်ငါးအမြီးက တောက်တောင်နေသောမီးတောက်နှင့် တူလှပြီး လင်ရှီးတောင်မှ မီးတောက်လိုအနီရောင်ငါးအမြီးကို ကြည့်ပြီးနောက် သူ့နှလုံးသား လှုပ်ရှားသွားလို ခံစားခဲ့ရသည်။
အနီရောင်ရေသူလေးက အဝေးမှ အစိမ်းရောင်တောင်တန်းများကို ကြည့်လိုက်ချိန်မှာ ထိုသူ့မျက်လုံးများထဲတွင် အနိုင်ရရန်ဆုံးဖြတ်ထားသောမီးတောက်များ တောက်လောင်နေသည်ကို လင်ရှီးမြင်လိုက်ရ၏။
သူ အောင်မြင်လိမ့်မယ်ဆိုတာကို နည်းနည်းလေးမှ သံသယဖြစ်စရာမရှိဘူး။
လင်ရှီး တမင်တကာ လှုံ့ဆော်ပြီးမပြောလိုက်ပဲနဲ့ အနီရောင်ရေသူလေးကို ခန်းမင်ဆီ ချဉ်းကပ်ပြီး ဖျားယောင်းစေလိုက်သည်။
အခြားအကြောင်းရင်းမှာ မဝေးတော့သောအနာဂါတ်တွင် ခန်းမင်တွင် တစ်စုံတစ်ခုဖြစ်ပျက်လိမ့်မယ်ဆိုတာကို သူကြိုမြင်လိုက်ရခြင်းကြောင့်ပင်။
သူ့ရဲ့ အနာဂါတ်ကြိုမြင်နိုင်သော စွမ်းရည်အား မဖော်ပြနိုင်သောကြောင့် အနီရောင်ရေသူလေး၏ အကူညီကို လိုချင်ခဲ့၏။ သူ အနီရောင်ရေသူလေးအား ကိစ္စအချို့ ပြောနေသရွေ့ ခန်မင်အား သွယ်ဝိုက်တဲ့နည်းဖြင့် သက်ရောက်နိုင်လေတယ်။
ဒီရက်တွေအတွင်း ခန်းမင်နှင့်ပတ်သတ်ပြီး လင်ရှီး ထိုလူ(ခန်းမင်)အား အတော်လေးသိလာရပြီးဖြစ်သည်။
ကိုယ့်အတွက်သာကိုယ်ကြည့်သော စီးပွားရေးသမားအနေနှင့် ခန်းမင်သည် အလွန်အရည်ချင်းပြည့်၀ပေသည်။ ထိုအရည်ချင်းပြည့်၀မှုကို အခြေခံပြီး သူ့တွင် သူ့ကိုယ်ပိုင်အယူဆ၊ အတွေးခေါ်များရှိကာ ပိုက်ဆံအတွက်ကြောင့်နှင့် စည်းမျဉ်းအောက်ခြေလိုင်း မရှိသောလူ လုံးဝမဟုတ်ချေ။
ထိုကဲ့သို့သောလူမှာ သင့်တော်ဆုံးသော လုပ်ငန်းပါတနာဖြစ်သည်။
ဤသည်မှာ လင်ရှီး၏အမြင်မျှသာဖြစ်ပြီး အကျိုးမြတ်အပေါ် အမှီပြုပြီး ဖြစ်လာသော တွဲဖက်ဖြစ်ရာ ထိုကဲ့သို့ဆက်ဆံရေးမှာ ယုံကြည်အားထားစရာမဟုတ်သေးပေ။
ရှေးယခင်ကတည်းက အလှပထောင်ချောက်ဆိုတာရှိခဲ့လေတယ်။ ရက်စက်ပြီး ကိုယ်ကျိုးမငဲ့သော ချင်ရှောင်းလို လူမျိုးတောင် အချစ်ကမ္ဘာထဲကျသွားနိုင်၏။ ခန်းမင်လိုလူမျိုးက ဝေးဝေးပြေးနိုင်မယ်လို့ လင်ရှီးမယုံဘူး။
ဒါ့အပြင် ခန်းမင်နှင့် ပတ်သတ်ပြီး အနီရောင်ရေသူလေးမှာ အတွေးတစ်ချို့ ရှိနေတယ်ဆိုတာကို လင်ရှီး ပြောနိုင်တယ်။
ဒီကိစ္စမှာ ဘာကြောင့် သူတွန်းအားမပေးရမှာလဲ၊ သူတို့နှစ်ယောက်လုံးအတွက် အကျိုးမြတ်ရမဲ့ဟာကို。。。
သူ တကယ်ကို ရေသူအကုန်လုံးအား လွတ်လပ်စေချင်ပြီး သူတို့ရဲ့ အနာဂါတ်ကံကြမ္မာကို မှန်မှန်ကန်ကန်ရွေးချယ်စေချင်မိ၏။
STAI LEGGENDO
The Villain Dressed As a Little Mermaid
Storie d'amoreOriginal Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - Update- Three episodes per week This novel is not mine and just a fan translation.crd to original cover photo. Do not Repost my Translation...