Chapter 14

1.9K 386 19
                                    

 ~~Zawgyi~~

သွေးတွေကအေးစက်နေပြီးသားပင်။ သူ့ခြေထောက်တွေနဲ့အဲ့ဒီအပေါ် နင်းလျှောက်လိုက်သည့်အခါ ရေခဲလိုအေးစက်တဲ့အအေးဓာတ်က လင်ရှီး၏ကိုယ်ထဲဝင်ရောက်လာ၏။ သွေးတွေကယခုအချိန်ICUထဲမှာလဲနေသည့် ရေသူလေးထံမှထွက်လာခဲ့ခြင်းဖြစ်သည်။ မကြာခင်မှာပဲ လင်ရှီးကိုယ်ထဲကအကြမ်းဖက်ချင်စိတ်များထိန်းမရသိမ်းမရဖြစ်လာပြီး အဲ့ဒီလူသားကိုတံခါတည်းသတ်ချင်လာသည်။

ခြေလက်တွေချည်နှောင်ခံထားရသည့် အဲ့ဒီလူဆီလျှောက်သွားလိုက်ပြီး လင်ရှီးသူ့မျက်လုံးတွေကိုနှိမ့်လိုက်ကာ ခေါင်းကိုစောင်း၍အဲ့ဒီလူကိုခက်ထန်သည့်အကြည့်တွေနှင့်စိုက်ကြည့်လိုက်သည်။ ထိုလူကလှုပ်ရှားမှုအသံအချို့ကိုကြားလိုက်ရသလို မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်၏။

သူခဏလောက်ရုန်းကန်ဖို့ကြိုးစားလိုက်သည်။ တစ်ညလုံးရုန်းကန်ခဲ့ပေမယ့် မလွတ်မြောက်နိုင်ဘဲ ချည်နှောင်ခံထားရဆဲဆိုတာကိုနားလည်သွားပြီး မကြာခင်မှာပဲလက်လျှော့ဖို့ကို ရွေးချယ်လိုက်ရသည်။

လူတစ်ယောက်ကသူ့အရှေ့မှာရုတ်တရက်ပေါ်လာခဲ့၏။

လူငယ်ရဲ့မျက်လုံးတွေက ပထမဆုံးအဲ့ဒီပုဂ္ဂိုလ်ရဲ့ ဖိနပ်မပါတဲ့ခြေထောက်တွေဆီကရောက်သွားသည်။ သွယ်လျတဲ့ခြေချင်းဝတ်နှင့် ဖြူဖွေးနူးညံ့သည့်ခြေအစုံက လူတွေကိုတစ်ချက်ကြည့်ရုံမျှနှင့်ညို့ငင်ဖမ်းစားနိုင်ပြီး အထိအတွေ့ကစံထားလို့တောင်ရသည်။

အဲ့ဒီအရာကအရမ်းကိုအံ့သြစရာကောင်းကာ အပြင်ဘက်ရှိခြေချောင်းလေးတွေကလည်းချစ်စရာကောင်းပြီးနှလုံးသားကိုနွေးထွေးစေသည်။

ဒီအချိန်မှာ ထိုခြေထောက်တွေကလတ်လတ်ဆက်ဆက်သွေးတွေရှိနေသည့် ကြမ်းပြင်ပေါ်မှာဖြစ်ပြီး ခြေထောက်အစွန်းတွေကသွေးအချို့စွန်းထင်းနေသည်။ သွေးတွေကဆောင်းရာသီနှင်းလိုဖြူဖွေးနေသည့် အသားအရည်ပေါ်က လတ်ဆတ်သည့်သွေးတွေလိုပင်။

ဒီမြင်ကွင်းက လူငယ်အတွက်တော့အလွန်ဆွဲဆောင်မှုရှိနေသည်။ ထိုလူငယ်ရဲ့လက်တွေကနောက်ပြန်ကြိုးချည်ခံထားရတာကြောင့် သူလက်လှမ်းဖို့ရန်တားဆီးနေသလိုပင်။ ထို့ကြောင့်သူထိုင်ပြီးအဲ့ဒီခြေအစုံဆီကိုတွားသွားလိုက်သည်။

The Villain Dressed As a Little MermaidOnde histórias criam vida. Descubra agora