Chapter 28

1.4K 278 2
                                    

    လိုအင်ဆန္ဒတွေက တိတ်တဆိတ်ရောက်လို့လာခဲ့သည်။

    သတိပေးခြင်းမရှိပဲအားပြင်းပြင်းနဲ့ပေါ်ထွက်လာတဲ့ လိုအင်ဆန္ဒတွေရဲ့လွှမ်းမိုးမှုတွေက ရေတံခါးကိုဖွင့်လိုက်သလိုမျိုး အတွင်းကနေအပြင်ဘက်သို့ အရူးအမူးတလိမ့်လိမ့်ပြေးထွက်လာကြသည်။

     မတိုင်ခင်ကဤသတ္တဝါရဲ့ ဗီဇတွေက ချင်ရှောင်းရဲ့ချင်ရှောင်းရဲ့ထိထိရောက်ရောက်ထိန်းချုပ်မှုကိုခံခဲ့ရ၏။ သူ့ကိုယ်သူအလုပ်ထဲမှာပဲမြှုပ်နှံထားခဲ့ပြီး သူ့တစ်ကိုယ်ရေ လိုအပ်မှုတွေကဘာမှရှိတာနှင့်ညီမျှသည်။

    ချင်ရှောင်းလူငယ်လေးအပေါ်ထပ်တက်သွားတာကို အေးစက်စက်ကြည့်နေခဲ့သည်။ ကြည့်ရတာတော့ လူငယ်လေးပေါ်လာပြီးနောက်ပိုင်း သူ့ရဲ့လိုအင်ဆန္ဒတွေက အချို့လက္ခဏာတွေပြလာပုံရသည်။

     ချင်ရှောင်းကိုယ်တိုင်တောင်မှ အတော်လေးအံ့ဩသွားခဲ့ရတယ်။ မထင်မှတ်ပဲ တစ်နေ့မှာသူလင်ရှီးဖော်ထားတဲ့ အင်္ကျီကော်လာအောက်က လည်ပင်းသွယ်သွယ်လေးကို မြင်လိုက်ရတာကြောင့် အဲ့ဒီဖြူဖွေးတဲ့အသားအရည်ပေါ်မှာ အမှတ်တွေချန်ထားချင်တဲ့အတွေးတွေကြီးစိုးလာခဲ့ရသည်။

    လူငယ်လေးကအိမ်မှာ သူမွေးမြူတာခံနေရသည်လေ။ သီအိုရီအရဆိုရေသူဖြစ်တဲ့ ကောင်လေးကိုချင်ရှောင်းလုံးဝပိုင်ပေသည်။

    သို့သော် လူငယ်လေးပြနေတဲ့အမူအရာနဲ့သဘောထားက ပိုင်ရှင်ဖြစ်တဲ့ချင်ရှောင်းကို ရေသူလေးကသူ့အပိုင်မဟုတ်ဘူးလို့ ပြောနေသလိုပင်။

    လင်ရှီး သူ့ငါးအမြှီးနဲ့ ဥယျာဉ်ထဲကရေကန်မှာ ရေကူးနေတာကို မြင်ရတာတောင်တစ်ခါတစ်ရံ ချင်ရှောင်းရင်ထဲမှာ ထူးဆန်းတဲ့ခံစားချက်ကြီးတစ်ခုရနေခဲ့သည်။ ဂရုမစိုက်လိုက်တာနဲ့ ရေသူ‌ထီးလေးက နောက်တစ်စက္ကန့်အတွင်းမှာတင် သူ့မြင်ကွင်းထဲ‌ကနေရုတ်ချည်းပျောက်ကွယ်သွားနိုင်တယ်ဟု အမြဲတမ်းခံစားနေရသည်။

    တကယ်လို့ လူငယ်လေးသာရုတ်တရက်ပျောက်ကွယ်သွားခဲ့ရင်........ချင်ရှောင်းမျက်လုံးတွေက အန္တရာယ်ရှိတဲ့အရိပ်အရောင်တွေနှင့်တောက်ပသွားခဲ့တယ်။

The Villain Dressed As a Little MermaidWhere stories live. Discover now