𝑭𝑰𝑽𝑬

727 102 10
                                    

Unicode

ညစာစားပြီးကတည်းက အလုပ်စားပွဲမှာထိုင်လိုက်တာ အကုန်လက်စသတ်ပြီးလို့ နာရီကိုကြည့်မိ​တော့ ၁၂ ထိုးခါပင်နီး​နေပြီ။ ဟီဆွန်းတစ်​ယောက်အ​ညောင်းအညာ​ပြေ​အောင် အ​ကြောဆန့်လိုက်ရင်း အိပ်ခန်းဆီသို့ ဦးတည်လိုက်​တော့သည်။

ဒီအချိန်ဆိုအိမ်မှာ ကျန်တဲ့နှစ်​ယောက်က အိပ်​နေ​လောက်ပြီ​ပေါ့။ အမြဲတမ်းလိုလို သူအခန်းထဲ​ရောက်ပြီဆို ဂျယ်ယွန်းကအိပ်နှင့်​နေပြီဖြစ်သည်။

ဒီ​နေ့သူအခန်းထဲ​ရောက်​တော့ ဂျယ်ယွန်းဟာ ဟိုလှိမ့်ဒီလှိမ့်ဖြင့် စိတ်ရှုပ်သလိုမျက်နှာ​ပေးဖြစ်​နေတာကို သတိထားမိလိုက်သည်။ ဂျယ်ယွန်းရဲ့ပုံစံကို မြင်ကာမှညစာစားတုန်းက​ရောက်ချလာတဲ့ ကောင်​လေးအ​ကြောင်းကို ဟီဆွန်းပြန်​တွေးမိသွားသည်။

ဂျယ်ယွန်းကသူ့ကိုမြင်​တော့ တစ်ဖက်လှည့်သွားတယ်ဆို​ပေမယ့် မအိပ်​သေးမှန်း​သေချာ​နေတာမို့လို့ စကား​ပြောကြည့်ဖို့ကြိုးစားလိုက်သည်။ ဂျယ်ယွန်းကသူ့သူငယ်ချင်း​ကောင်​လေးနဲ့ပတ်သတ်ပြီး ဘာ​တွေကိုစိတ်ဆိုး​နေတာလဲဆိုတာ သူသိထားဖို့လိုတယ်​လေ။

တခြားထက်ဂျယ်ယွန်းရဲ့ သူငယ်ချင်း​ကောင်​လေးကို စသိကတည်းက သိပ်သ​ဘောမကျခဲ့တာ။ ဂျယ်ယွန်းကသူ့ဘာသာ​အေး​ဆေး​နေ​တောင် သူက​တော့သံသယများတတ်သူမို့လို့ တစ်ဖက်ကလူအ​ပေါ် အပြည့်အဝယုံကြည်​နေတာမျိုးမရှိခဲ့။

"ချန်းမင်းဆိုတဲ့တစ်​ယောက်ကို စိတ်ဆိုး​နေတာလား။ ဘာလို့လဲ။"

လက်မှာပတ်ထားတဲ့နာရီကိုချွတ်ပြီး ​မေးခွန်းကိုစလိုက်သည်။ သူ့​မေးခွန်းကိုကြား​တော့ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ဂျယ်ယွန်းက ပုံ့ခနဲထထိုင်ပြီး

"စိတ်မဆိုးပါဘူး။ ပြီး​တော့ကိစ္စက ချန်းမင်းတစ်​ယောက်တည်းနဲ့ပတ်သတ်​နေတာလဲမဟုတ်ဘူး။ ကျွန်​တော့်သူငယ်ချင်းသုံး​ယောက်နဲ့ပတ်သတ်ပြီး ကျွန်​တော်စိတ်မ​ကောင်းဖြစ်​နေတာ။"

ဂျယ်ယွန်းရဲ့မျက်နှာကသမားရိုးကျစိတ်မ​ကောင်းတဲ့ပုံသာဖြစ်​နေသည့်အတွက် ဟီဆွန်းစိတ်​အေးမိသွားသည်။ ဂျယ်ယွန်း​​ဘေးနားဝင်ထိုင်ရင်းဖြင့်

𝑺𝑬𝑬𝑺𝑨𝑾 [𝑯𝑬𝑬𝒀𝑼𝑵𝑲𝑰]Où les histoires vivent. Découvrez maintenant