𝑬𝑰𝑮𝑯𝑻

847 95 13
                                    

Unicode

"ဘာဖြစ်လို့အဲ့လက်ပတ်ကို အဲ့လောက်သည်းနေတာလဲ။ အမြင်ကတ်စရာ"

သူ့ဘာသာသူ ပန်းကန်တွေပြင်ဆင်နေတဲ့ ဂျယ်ယွန်းကိုကြည့်ပြီး ကိုယ့်ဘာသာကိုမနေနိုင်စွာ ရိခီတစ်ယောက် ဖွဖွလေးရေရွတ်လိုက်သည်။

သူ့ဘာသာသူအခန်းထဲပြန်သွားထိုင်နေရင် အပိုလုပ်တာတွေကို ဘာမှမမြင်ရတော့မှာသေချာသည်။ အခုတော့ မကြာခင်ဧည့်သည်တွေရောက်လာတော့မယ်ဆိုတဲ့စကားကြောင့် သူ့မှာခြံဝန်းထဲဝင်ထိုင်နေရသည်။

ဒီတစ်ခေါက်ဧည့်သည်တွေကို ထမင်းစားဖိတ်တာက ခြံဝန်းထဲမှာ။ အသားကင်ပါတီလေးလုပ်ပြီးပေါ့။ သူ့အဖေရဲ့အပေါင်းအသင်းဟောင်းတွေ လာမှာလို့လည်းကြားထားသည်။

ပြီးတော့တအားလည်း ရင်းနှီးခဲ့သည့်အပေါင်းအသင်းတွေ ဖြစ်သည်တဲ့။ ဆိုကာမှာ ရိခီတွေးကြည့်မိသည်။ သူ့အဖေမှာ အပေါင်းအသင်းမည်မည်ရရမရှိ။ စီးပွားရေးလုပ်ဖော်ကိုင်ဖက် အချို့ကလွဲပြီးတော့ပေါ့။

သူများအဖေတွေလို အပေါင်းအသင်းမက်လို့ အိမ်မကပ်တာမျိုးဆိုတာ လုံးဝကိုဖြစ်မလာနိုင်သည့်ကိစ္စ။ အခုတော့အရင်ကအပေါင်းအသင်းတွေနဲ့ ပြန်လည်တွေ့ဆုံပွဲတဲ့လား။ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသည်။

လာကြမယ့်ဧည့်သည်တွေထဲ သူ့အမေအကြောင်း သိတဲ့သူတွေနဲ့ပါလာနိုင်သည်မို့လို့။

ကိုယ့်အတွေးနဲ့ကိုယ် စိတ်အားထက်သန်လို့နေတုန်း ပန်းကန်တွေချတာတောင် လက်ကလက်ပတ်ကို မထိအောင်အပိုလုပ်နေတဲ့ရှင်းမ်ဂျယ်ယွန်းကိုမြင်ပြီး အနည်းငယ်စိတ်နောက်သွားသည်။

အပိုတွေလုပ်နေမယ့်အစား သူ့လိုမျိုးဘာမှမကူဘဲ ငြိမ်ငြိမ်လေးထိုင်နေ‌လိုက်ပါလား။

"ဂျယ်ယွန်းရေ"

နားထဲကိုဝင်လာသည့်ခေါ်သံဟာ အဖေ့ခေါ်သံတော့မဟုတ်ခဲ့။ အဖေကရှင်းမ်ဂျယ်ယွန်းနဲ့ မလှမ်းမကမ်းမှာ အသားကင်နေသည်။ အခုဝင်လာတဲ့သူက ဥပဒိရုပ်သားနားသန့်ပြန့်ပြီး တည်ကြည်သည်။ အရပ်ကလည်းရှည်ပါတယ်ဆိုတဲ့ သူ့အဖေထက်ကိုရှည်သေးသည်။

𝑺𝑬𝑬𝑺𝑨𝑾 [𝑯𝑬𝑬𝒀𝑼𝑵𝑲𝑰]Onde histórias criam vida. Descubra agora