Unicode
[Warning - Mature Content !!!
ဖတ်ဖို့အဆင်မပြေဘူးဆို ကျော်သွားပါ။ တိုက်ရိုက်ဆန်တဲ့ အသုံးအနှုန်းတွေသုံးမထားပါဘူး။ ပြီးတော့ သဘောမတွေ့ရင်လဲ အေးဆေးလာပြောလို့ရပါတယ်။ A/N ကိုရှေ့မှာထည့်ရေးလေ့မရှိပေမယ့် ဒီ fic မှာအချိန်ကာလက ရှေ့ရောက်လိုက်နောက်ရောက်လိုက်နဲ့ မညီပါဘူး။ ဇာတ်လမ်းကဘာမှလဲ ထွေထွေထူးထူး မဟုတ်တာကြောင့် မကြိက်ဘူးဆို အေးအေးဆေးဆေး ဆက်မဖတ်ပါနဲ့။]𝑆𝐸𝐸𝑆𝐴𝑊
အိမ်အတွက်ဆွဲထားတဲ့ ပန်းချီကားကို မိသားစုဝင်တွေဆီပြနေတဲ့ ကလေးသေးသေးလေးတစ်ယောက်လိုမျိုး ဂျယ်ယွန်းရဲ့မျက်ဝန်းလေးတွေက အရောင်လက်နေသည်။ သူ့ပုံစံလေးက သိပ်ကိုမြတ်နိုးချင်စရာ ကောင်းလို့နေလေတယ်။
"ဒါ ကိုယ့်အတွက်လား"
သူကိုယ်တိုင်ကျစ်ပေးထားတဲ့ လက်ပတ်လေးကို တယုတယကိုင်ရင်း သဘောတကျဖြစ်နေတဲ့ လူကြီးပုံကိုမြင်ကာမှ ဂျယ်ယွန်းစိတ်အေးနိုင်တော့တယ်။တန်ဖိုးကြီးပစ္စည်းအသုံးအဆောင်တွေကိုသာ ဆင်မြန်းနေကြလူကုံထံတစ်ယောက်က သူ့လက်ဆောင်ကို သဘောမကျမှာစိုးနေခဲ့တာ။
ဂျယ်ယွန်းတို့တွေ ကြွယ်ဝတယ်ဆိုတာက အီဟီဆွန်းဆိုတဲ့လူနဲ့ယှဉ်ရင် ဘာဆိုဘာမှမဟုတ်ဘူးလေ။ မကောင်းတတ်လို့လက်ခံရင်တောင် သဘောမကျလောက်ဘူးလို့ဘဲ တွေးနေခဲ့မိတာ။ အခုလိုတန်ဖိုးထားတဲ့မျက်ဝန်းတွေနဲ့ကြည့်တော့ တကယ်တော်သေးတာပေါ့လို့။
"မိဘမဲ့ကျောင်းတစ်ခုကို လုပ်အားသွားပေးရင်း ကျစ်လာတာ။ အဲ့က ကလေးတွေကိုတစ်ပိုင်တစ်နိုင် လက်မှုပညာတွေသင်ပေးထားတာရှိတယ်လေ။ ကျွန်တော်လဲအတတ်မြန်တာလေး ကျစ်လာတာ ဟီး။ လူကြီးတစ်ယောက်အတွက်ဘဲ ဂရုတစိုက်လုပ်ပေးထားတာမို့လို့ အမှတ်တရသိမ်းထားရမယ်နော်။"
လက်ကလေးနှစ်ဖက်ကိုထိကိုင်ရင်း နှုတ်ခမ်းလေးတလှုပ်လှုပ်ဖြင့် ဂျယ်ယွန်းတစ်ယောက် အရေးဆိုနေသည်။ ဟီဆွန်းကသဘောတကျရယ်ရင်း ဂျယ်ယွန်းကိုသူ့ဘေးနား ဝင်ထိုင်စေသည်။
အစကသူ့ကိုသိပ်အမြင်မကြည်ခဲ့တဲ့ ချစ်စရာလေးက အခုတော့သူ့အတွက် တန်ဖိုးကြီးတဲ့ လက်ဆောင်တွေတောင်ပေးလို့။ ဒီအတိုင်းဆို သူဂျယ်ယွန်းကိုလက်ထပ်ချင်နေတာက မစောဘူးလို့ ဟီဆွန်းအောက်မေ့မိသည်။