သူမကြိုဆိုသည့် ရတနာ
ပိုးသတ်ဆေးနံ့တွေ လှိုင်နေသောနေရာ၊ အလင်းရောင်ပင် ကောင်းစွာမရသည့် အခန်းကျဉ်းလေးတစ်ခု ။ မလှမ်းမကမ်းရှိ သံတိုင်ခတ်ထားတဲ့ ပြတင်းတံခါးက လုံလောက်စွာ အလင်းမပေးနိုင်ခဲ့ပေ။ အခန်းထဲရှိ ကုတင်ပေါ်တွင် ဒူးပေါ်လက်နှစ်ဖက်ယှက်တင်ပြီး ခေါင်းငိုက်စိုက်ချထားသော ကောင်လေးတစ်ယောက်ရှိသည် ။ သူသည် ကြမ်းပြင်ကိုသာ အဓိပ္ပာယ်မဲ့စိုက်ကြည့်နေပြီး မလှုပ်မယှက်ငြိမ်သက်နေလေ၏ ။
ထိုခဏအတွင်းမှာပင် အခန်းတံခါးပွင့်လာပေမယ့် သူဟာမော့မကြည့်လာခဲ့ ။ နေမြဲအတိုင်း ငြိမ်နေဆဲ ၊ ကြမ်းပြင်ကိုသာ ပေါက်ထွက်မတတ်ကြည့်နေမြဲ ။ အသံမကြားရအောင်လည်း ခြေသံကယဉ်ပါးလွန်းလှသည်။ သူစိုက်ကြည့်နေတဲ့ ကြမ်းပြင်ထက်သို့ ရှင်းသန့်ဖြူဖွေးသော ခြေဖဝါးတစ်စုံလာရပ်မှသာ ကောင်လေးသည် ဆတ်ခနဲ့မော့ကြည်လာ၏။ အခန်းတွင်း၀င်လာသူကို မြင်သွားသည်နှင့် ကောင်လေးဟာ မဲ့လိုက်ရင်း ဟက်ခနဲ့ရယ်လိုက်သည် ။
" ဘာလဲ ၊ ငါ့ကိုဒီအခြေနေရောက်အောင် လုပ်တာ အားမရလို့ ဒီအရှုံးသမားကို အရသာခံလာကြည့်တာလား "
" လျိုဟွေ့ "
" သွားစမ်းပါ ၊ ငါ့ကို သနားသလို လာမကြည့်နဲ့ ရှောင်းကျန့် "
လျိုဟွေ့ဟာ ကုတင်ပေါ်ကနေ ကုန်းရုန်းထလာပြီး ရှောင်းကျန့်ကို တွန်းထုတ်လာသည် ။ သို့ပေမယ့် နလန်ထူကာစအခြေနေမို့ စိတ်သွားတိုင်းကိုယ်မပါတော့ ထင်သလောက်အားမပါပေ ။
" စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ လျိုဟွေ့ရာ ၊ မင်းအခြေနေက အခုမှသက်သာခါစကို "
လျိုဟွေ့ပခုံးနှစ်ဖက်ကနေ ထိန်းကိုင်လိုက်ရင်း သူ့ကိုအိပ်ယာထက်ပြန်လှဲစေသည် ။ နှုတ်ခမ်းသားတွေ ဖြူလျော်နေသည့်တိုင်အောင် လျိုဟွေ့ဟာ တင်းတင်းစေ့ထားဆဲ ။
" သေသွားပါစေ ၊ ငါသေသွားလည်း ၀မ်းနည်းမယ့်သူမှ မရှိတာ ၊ လူပိုဖြစ်နေမယ့်အတူတူ အဲ့ဒီလမ်းကမှ ငါနဲ့ပိုသင့်တော်ဦးမယ်၊ မဟုတ်ဘူးလား "
လျိုဟွေ့နံဘေးမှာ ရှောင်းကျန့်၀င်ထိုင်လိုက်ရင်း သူ့လက်ကို မိမိလက်ဖဝါးနှစ်ဖက်ကြားထဲထည့်ကာ ဆုပ်ကိုင်ထားပေးလိုက်သည် ။ ဆေးသွင်းထားတဲ့ပိုက်ရှိတာကြောင့် အရမ်းကြီးတော့ မကိုင်ရဲ ။လျိုဟွေ့က မယုံနိုင်သလို မျက်လုံးလှန်ကြည့်လာပေမယ့် ဘာမှတော့မပြောပေ ။အမြဲအရောင့်၀င့်နေတဲ့ ဒီမျက်လုံးတွေဟာ ညှိုးငယ်နေတော့ ရှောင်းကျန့်စိတ်မကောင်းဖြစ်ရသည် ။
YOU ARE READING
He and the Wind