Part 32

3K 349 48
                                    

သံမဏိမြားတစ်စင်း

ရှန်ဟိုင်းရဲ့ ‌ညနေခင်းဟာ ပုံမှန်ထက် တိတ်ဆိတ်နေသယောင် ခံစားရသည် ။ လမ်းဘေးဈေးသည်တွေ တိုးဝှေးစည်ကားနေတတ်ပြီး ကုန်တင်ကုန်ချ သင်္ဘောတွေ အမြဲမပြတ်ဆိုက်ကပ်နေတဲ့ ဆိပ်ကမ်းတစ်ဝိုက်မှာလည်း ထူးထူးခြားခြား ခြောက်ကပ်နေတာမျိုးမရှိပါ ။ ပုံမှန်အတိုင်း စည်ကားမြဲ စည်ကားဆဲ ။ ဒါဆို ရှောင်းကျန့်စိတ်ထဲ ဘာလို့လေးလံနေရတာလဲ ။ ဘယ်အချိန်စားစား သူ့အတွက် အကြိုက်ဆုံးဖြစ်နေမယ့် ကွာစေ့တွေကိုတောင် ထိချင်စိတ်ရှိမနေခဲ့ဘူး ။ သိုက်ယန်ရှီး၀ယ်ပေးသွားတဲ့ ကွာစေ့ထုပ်က သတင်းစာစက္ကူပတ်လျက်သားပင် ရှိသေး၏။

ကြုံခဲ့ရတဲ့အဖြစ်ပျက်တွေကြောင့် ဆေးခန်းက အပြန် အသားကင်သွားစားမည့် အစီအစဉ်လည်း အထမမြောက်ခဲ့ပေ ။ သိုက်ယန်ရှီးကတော့ ရှောင်းကျန့်မျက်နှာ တကြည့်ကြည့်နဲ့ 'ဘာစားချင်သေးလဲ'လို့ မေးပေမယ့် သူငြင်းလိုက်သည် ။ သူမြန်မြန် အနားယူချင်နေပြီ ။ သိုက်ယန်ရှီးကိုလည်း သူအတော့်ကို အားနာရပါသည် ။ ကိုယ့်ကြောင့် သူအလုပ်လက်မဲ့ဖြစ်သွားသည့်အပြင် ပြသနာတွေကြားထဲပါ ဆွဲထည့်မိသေးတာ ။သိုက်ယန်ရှီးကတော့ နှစ်သိမ့်ရှာပါသည် ။

" ကိုယ်အလုပ်ထွက်ဖို့ အစတည်းက အစီစဉ်ရှိပြီးသား ၊ ‌အခုလို ဖြစ်လာတော့ ပိုကောင်းသွားတာပေါ့ ၊ သူတို့နဲ့အလုပ်ဆက်မလုပ်ချင်တာ ကြာပြီ ၊ ရှောင်ရှောင်းကြောင့်လို့ မတွေးပါနဲ့ "

သို့ပေမယ့် သိုက်ယန်ရှီးက သူ့အလုပ်အပေါ်မှာ အချိန်ပြည့်စိတ်နှစ်ထားတတ်တဲ့သူဆိုတာ သိနေတော့ ရှောင်းကျန့်ပိုစိတ်မကောင်းဖြစ်ရသည် ။ ထို့အပြင် ဒေါက်တာရဲ့သတိပေးစကားများက သူ့ကိုပိုအတွေးလွန်စေပါ၏ ။

" ဆေးဝါးတွေက လိုအပ်တဲ့ဖယ်လ်ရိုမုန်းကို အစားထိုးနိုင်တာ မှန်ပေမယ့် တကယ့်အစစ်လောက်တော့ ဘယ်ထိရောက်ပါ့မလဲ ၊ ကျွန်တော် စမ်းသပ်ကြည့်ရသလောက် သန္ဓေသားက သာမန်မဟုတ်ဘဲ အရမ်းထွားလွန်းနေတယ်၊ ဒီအတွက် မစ္စတာရှောင်းရဲ့ခန္ဓာကိုယ်က ပို'ပိုအားနည်းလာတယ်၊ ကျွန်တော်တော့ အားမရချင်ဘူး ၊ အမျိုးသားဖြစ်သူရဲ့ဖယ်လ်ရိုမုန်းလိုအပ်နေတာ ၊ ရနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ "

He and the WindWhere stories live. Discover now