1
"မင်း...မင်းးးကို ငါ နည်းနည်းလေးတောင် မကြောက်ဘူး။"
ဆက်ပြောဆိုတဲ့ အထာနဲ့ မျက်ခုံးနှစ်ဖက် ပင့်ပြနေတဲ့ သကောင့်သားကြောင့် ဘတ်ဟျွန်း ဘာဆက်ပြောရမလဲ ခေါင်းထဲ စာစီနေမိသည်။ တကယ်ဆို ကြောက်တာမှ ချီးတုန်နေတဲ့အထိပေမယ့် ဟန်ကိုယ့်ဖို့လုပ်ပြီး ဖြီးဖြန်းနေရတာပင်။
"မင်းတစ်ယောက်လောက်များ ငါ့သူငယ်ချင်း နှစ်ယောက်ခေါ်ပြီး ချရင် "
"ချရင်.."
စကားထောက်ပေးနေတဲ့ ရုပ်ကိုက ကျက်သရေနဲနဲလေးမှ မရှိဘူး။
"ချရင် ချရင် မင်းလောက်တော့ အသာလေးပဲ...
အဟမ်းး..""ဟုတ်လား ခေါ်လိုက်လေ ဒါဆို.."
"အင်း သွားခေါ်လိုက်ဉီးမယ်.."
အလွတ်အကျွတ်ဆိုပြီး လှည့်ပြေးလိုက်ပေမယ့် ဟူဒီခေါင်းစွပ်လေးကနေ တန်းလန်းဆွဲခံလိုက်ရတာကြောင့် ဘတ်ဟျွန်းခြေလှမ်းတွေ လေထဲ တန်းလန်းရပ်သွားရသည်။
"ဘာ ..ဘာလုပ်တာလဲ လွှတ်ပေးလေ
ဘာလဲ အခုမှကြောက်လို့လား""ဖုန်းဆက်လိုက်..."
"ဟမ်..."
"ငါ့ရှေ့ကနေ တစ်လှမ်းမှမရွေ့ပဲ ဖုန်းဆက်ခေါ်လိုက် မင်းသူငယ်ချင်းဆိုတဲ့ဟာတွေကို."
ဘတ်ဟျွန်းချွေးတွေကို ပြန်နေပြီဖြစ်သည်။ မျက်ခုံးတစ်ဖက်ကနေ သွေးတွေယိုစီးနေတဲ့အပြင် ပါးရိုးတစ်ဖက်မှာလဲ လက်သုံးချောင်းစာလောက် ပြတ်ရှရာနဲ့ သူက နာတဲ့ဟန် တစ်စိုးတစ်စိမှ မပြပဲ လူကို ခြိမ်းခြောက်နေတာ တကယ်ကို ရာဇဝင် လူမိုက်မှန်းသိသာလှသည်။
ဘတ်ဟျွန်းတုန်ချင်နေတဲ့ လက်ဖျားတွေကို အံကြိတ်ပြီးထိန်းထားရင်း ဖုန်းဆက်ဖို့ပြင်ရသည်။ အရေးနဲ့အကြောင်းဆို ဘယ်တစ်ယောက်မှ အားကိုးလို့မရမှန်းသိပေမယ့် အဲ့ဒီအကြောင်းကို ဘတ်ဟျွန်းရှေ့ကသူ မသိစေရန် ဖုန်းကတော့ ဆက်ရမှာပင်။ မထူးစိတ်ပိုက်ပြီး အများကြီးမရှိတဲ့ သူငယ်ချင်းလေး နှစ်ယောက်ဆီသာ အရဲစွန့်ခေါ်မိသည်။
"ဒူးးးဒူးးးး..."
နှစ်ချက်မြောက်ဝင်သွားပြီးတဲ့အချိန်မှာပင် ကိုင်လိုက်တဲ့ ကယောင်ဆူက ကံဆိုးတာလား ဘတ်ဟျွန်းကပဲ ကံဆိုးတာလားမသေချာပေ။